Channel Myanmar

Alice Braga

SHARE? (2023) 5.5
SHARE? (2023) Share? (2023)~ IMDb - 5.5/10, Rotten Tomatoes - 70% ~ဒီတစ်​ခေါက်ကား​လေးက​တော့ Fixed Camera တလုံးတည်းကို အသုံးပြုထားပြီး ရှု​ထောင့်တစ်ခုတည်းက​နေရိုက်ပြထားတဲ့ Share? ဆိုတဲ့ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~#000000014 ဆိုတဲ့နံပါတ်နဲ့ လူတစ်​ယောက် ရုတ်တရက် အလုံပိတ်ခန်းထဲမှာ ​​ခေတ်​ဟောင်းကွန်ပြူတာတစ်လုံးနဲ့ တစ်​ယောက်တည်းနိုးလာခဲ့ပါတယ်။ စားဖို့​သောက်ဖို့အတွက် သုံးရတဲ့​တစ်ခုတည်း​​သော ​ငွေ​ကြေးကို လူ​တွေကို​​ဖျော်​ဖြေရတဲ့နည်းတစ်ခုတည်းနဲ့သာ​ ရှာလို့ရတဲ့စနစ်မှာ ​ငွေ​တွေရှာရင်း ​ရေ​နွေးအိုးထဲက ဖား​တွေလို ပူမှန်းမသိ လွတ်​မြောက်ဖို့မကြိုးစားဘဲ ​နေသားကျ​နေတုန်း #038491828 ဆိုတဲ့နံပါတ်နဲ့​ကောင်မ​လေး​ရောက်လာပြီး​နောက် ဘယ်လို​တွေအ​ပြောင်းအလဲ​တွေဖြစ်ကုန်မလဲ... ဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကား​လေးလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 20Min Genre - ...
movie

SHARE? (2023)

2023
The Rite (2011) 6
The Rite (2011) The Rite (2011)Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ...
movie

The Rite (2011)

2011
City of God(2002) 8.7
City of God(2002) City of God(2002) ******************* IMDb....8.7 Rotten......90% အော်စကာ....၄ဆုဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး လွယ်ထားတယ်... သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့ အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်... အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်..... ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်.... ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ ရောက်လာတယ်....လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ........သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့ အနေအထား .......ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့........ ဒါကဇတ်လမ်းအစ....... လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ် ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး......ဘရာဇီးရဲ့ City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ ...သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်... မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်... လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ....ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်.... နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်.....ကျွန်တော်ဟာ ...
movie

City of God(2002)

2002
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Kill Me Three Times (2014) 5.9
Kill Me Three Times (2014) Kill Me Three Times (2014)====================IMDb Rating - 5.9/10နာမည်ဆန်းဆန်းနဲ့ ဒီဇာတ်ကားက Dark Comedy အမျိုးအစားရုပ်ရှင်တစ်ခုဖြစ်ပြီးနာမည်ကြီး comedy သရုပ်ဆောင် Simon Pegg က ကြေးစားလူသတ်သမား ချာလီအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ကြေးစားလူသတ်သမား ချာလီတစ်ယောက် လဲကျနေရာကနေ အစပြုထားပါတယ်။နောက်ပြီးတော့ တစ်စုံတစ်ခုကို ကြံစည်နေတဲ့ သွားဆေးခန်းက နေသန်နဲ့ လူစီတို့ လင်မယား  သွားဆေးခန်းနဲ့ချိန်းဆိုမှုလုပ်ထားတဲ့ အဲလစ်ဆိုတဲ့ ကောင်မလေးတစ်ယောက်၊ မိန်းမဖြစ်သူအပေါ် အချစ်ကြီးပြီး ခြုပ်ခြယ်လွန်းအားကြီးတဲ့ ဟိုတယ်ပိုင်ရှင် ဂျက်၊ စတိုးဆိုင်ဖွင့်ထားတဲ့ ဒေလန်ဆိုတဲ့ကောင်လေး၊ အဲ့‌ဒီဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ပြသထားတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခုကြား ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာခပ်ဆန်းဆန်းတင်ဆက်ထားတာကြောင့် ပရိတ်သတ်တွေကဒါကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။(သွေးထွက်သံယိုတွေ ဆဲဆိုခန်းတွေ ၀စ်လစ်စလစ်ခန်းတွေပါတာကြောင့် မိသားစုနှင့်ကြည့်ရှုရန်တော့ မသင့်တော်ပါကြောင်း)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Kill Me Three Times (2014)

2014
I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007
Repo Men (2010) 6.3
Repo Men (2010)   အရင်ဆုံးပြောချင်တာကတော့ ဒီဇာတ်လမ်းက rating R အမျိုးအစားပါ သွေးထွက်သံယိုတွေကို သေချာရိုက်ပြတဲ့အခန်းတွေလည်းပါပါတယ် ဆဲဆိုပြီးပြောတဲ့အခန်းတွေလည်း ပါပါတယ် အဖော်အချွတ်အနည်းငယ်လည်း ပါဝင်ပါတယ် ဒါလေးကြိုပြောပါရစေစိတ်ကူးယဉ်သိပ္ပံဇတ်လမ်းဖြစ်ပြီးတော့နောက်တစ်ချိန်မှာ တကယ်ဖြစ်လာနိုင်စရာရှိတယ်လို့ ကျနော်ကတော့ ထင်ပါတယ်လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လူတစ်ဦးမှ တစ်ဦးသို့မျက်မှောက်ခေတ်မှာ လဲလှယ်ပေးနိုင်ကြပါပြီ နောင်တစ်ချိန်မှာ စက်ပစ္စ္စည်းများနဲ့အစားထိုးလာနိုင်တဲ့အချိန် ဒီလိုဖြစ်လာနိုင်စရာတွေလည်း ရှိပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်းသားဟာ ငွေကြေးပေးသွင်းရန်ရက်လွန်နေသောလူသားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူတပ်ဆင်သူတွေဆီက အင်္ဂါအစိတ်အပိုင်းများကိုလိုက်လံသိမ်းဆည်းသူတစ်ယောက်ပါ ဒီလိုအနိဌာရုံအလုပ်ကို ထမင်းစားရေသောက်သလိုအလွယ်တကူလုပ်ကိုင်နိုင်ခဲ့တဲ့ စစ်ပြန်လူသားတစ်ယောက်က ကိုယ်တိုင်လူနာနေရာမှာနှလုံးအစားထိုး တပ်ဆင်လိုက်ရတဲ့အခါ ...ဘာတွေဆက်ကြုံရမလဲ ဆိုတာကတော့ငွေရောင်ပိတ်သားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှု့ခံစားကြပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Min Thet Oo ဖြစ်ပါတယ်)File Size : 850 MB/330MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Crime, Sci-F Translator : Min Thet ...
movie

Repo Men (2010)

2010