Channel Myanmar

Allen Covert

Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie

Never Been Kissed (1999)

1999
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
50 First Dates(2004) 6.8
50 First Dates(2004) 50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie

50 First Dates(2004)

2004