Channel Myanmar

Alli Willow

Tinnitus (2022) 6.1
Tinnitus (2022) Tinnitus (2022)နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller ...
movie

Tinnitus (2022)

2022
Bacurau (2019) 8.1
Bacurau (2019) ဒီကား​လေးက​တော့ ဘရာဇီးလူမျိုး​တွေကိုအ​​ခြေခံပြီးရိုက်ကူးထားတဲ့ စိတ်ကူးယဥ်ဆန်ဆန်ဒရမ်မာအက်ရှင်ကား​လေးတစ်ကားပါ ထ​ရစ်ဇာက သူမအဖွား​သေဆုံးသွားတဲ့အတွက်ဘာကူယာရွာ​လေးကို​ရောက်လာခဲ့တယ် သူမအဖွားစျာပနာအခမ်းအနားကိုတက်​ရောက်ဖို့​ပေါ့ ဇာတ်ကားထဲမှာ​တော့ ဘာကူယာလို့​ခေါ်တဲ့ ​ ကျေးရွာ​လေးက ဘရာဇီးမှာရှိတယ်လို့စိတ်ကူးယဥ်ပုံ​ဖော်ထားတဲ့ရွာ​လေးတစ်ရွာ​ပေါ့ ဘာကူယာရွာ​လေးမှာ သေ​ရေးရှင်​ရေးအခက်အခဲ​တွေရှိ​နေတယ် ​ထောက်ပံ့မှုတွေလည်းနည်းလာခဲ့တယ် ​နောက်ပြီးဖုန်းလိုင်း​တွေလည်းမမိ​တော့ဘူးဖြစ်ခဲ့တယ် အကျင့်ပျက်ခြစား​နေတဲ့အစိုးရကလည်း ရွာ​လေးကို ပစ်ပယ်ခဲ့တယ် ဘာကူယာရွာ​လေးဟာ ​မြေပုံထဲက​နေ​ဖျောက်ဖျက်ခံလိုက်ရတယ် ​ နောက်ပိုင်းမှာရွာ​လေးဟာဘယ်လိုအဖြစ်ဆိုး​တွေနဲ့ကြုံ​တွေ့ခဲ့လဲ ရွာမှာရှိတဲ့နယ်ခံ​တွေက​​ရောဒီအဖြစ်ဆိုး​တွေက​နေဘယ်လို​​ဖြေရှင်းကြမလဲဆိုတာကို ပ​ဟေဠိဆန်ဆန်ကြည့်ရှု့ရမှာပါ File Size : ( 1 GB , 459 MB ) Quality :  WEB-DL 720G Running Time : 2 hr 11 min Format : Mp4 Genre : Action , Mystery , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Lei Encoded by ...
movie

Bacurau (2019)

2019