Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Althaf Salim
8.2
Premalu (2024)
Premalu (2024) "စမ်းတဝါးဝါး" IMDb - 8.3/10အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard ...
movie
Premalu (2024)
2024
7.9
Rahel Makan Kora (2023)
Rahel Makan Kora (2024) "ချစ်ခြင်းတရားမှာ သက်သေတည်" IMDb - 8.1/10ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2GB / 902MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rahel Makan Kora (2023)
2023
5.5
Thundu (2024)
Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်းလုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB / 771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Thundu (2024)
2024
7.5
Tholvi F.C (2023)
Tholvi F.C.(2023) "တက်နိုင် ဖျားရောက်"IMDb - 8.4/10တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကို ဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ...။ Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ...။ ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ...။ စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ...။ အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ...။...စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။ သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB / 738MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Tholvi F.C (2023)
2023
6.8
Padmini (2023)
Padmini(2023) ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, ...
movie
Padmini (2023)
2023
7.6
Pachuvum Athbhuthavilakkum (2023)
Paachuvum Albhuthavilakkum 20232023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ်ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ အကြောင်းပါဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ် File size…2.4GB / 1GB Quality…1080p WEBDL /720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Chiclon3~Yunni~BpL~HM~Nyein~Sai
movie
Pachuvum Athbhuthavilakkum (2023)
2023
7..1
Pyali (2022)
Pyali 2022 IMDb 7.1/10 ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ။ မောင်နှမနှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ၅၂၈မေတ္တာလေးကို ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ကလေးတိုင်းမှာ ထူးခြားမှုလေးတွေ ကိုယ်စီရှိကြတယ်ဆိုတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇီရာဆိုတဲ့ကောင်လေးတစ်ယောက်မှာ ပရာလီလို့ခေါ်တဲ့အရမ်းချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ ဇီရာက သူကိုယ်တိုင် အရွယ်လေးနဲ့မလိုက်အောင်အလုပ်တွေဖိလုပ်ပြီး ညီမလေးကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် စောင့်ရှောက်ထားပါတယ်။ ဂုဏ်ပကာသနတွေမပေါပေမယ့် ပျော်ရွှင်နေတတ်ကြတဲ့မောင်နှမနှစ်ယောက်ဟာတစ်နေ့မှာအကြောင်းကြောင်းကြောင့် သံလမ်းဘေးကနေရာလေးကို စွန့်ခွာပြီး နေစရာအသစ်တစ်ခုကို ရှာဖွေရပါတော့တယ်။ လမ်းဘေးမှာပဲနေရတဲ့ကလေးတွေမလို့ ခိုကိုးရာမဲ့ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်တွေကြုံလာရပြီး ဇီရာဟာလည်း အစ်ကိုဖြစ်သူပီပီ ညီမလေးကို ကာကွယ်စောင့်ရှောက်ပါတော့တယ်။ သူတို့လေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai ThuRein
movie
Pyali (2022)
2022