Channel Myanmar

Alyssa Milano

Beverly Hills Chihuahua 2 (2011) 5
Beverly Hills Chihuahua 2 (2011) Beverly Hills 2 (2011) အညွှန်းဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ......ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt
movie

Beverly Hills Chihuahua 2 (2011)

Brazen (2022) 4.5
Brazen (2022) Brazen (2022)==============အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ...
movie

Brazen (2022)

2022
Little Italy (2018) 7.7
Little Italy (2018) ဒီနှစ်ထဲထွက်ရှိထားတဲ့ Romance-Comedy အမျိုးအစား ဇာတ်ကား ဖြစ်ပြီးမင်းသား Hayden Christensen နဲ့ မင်းသမီးလေး Emma Roberts တို့အဓိကခေါင်းဆောင်ပါဝင်ထားတယ်။ဒီဇာတ်ကားလေးကို တစ်ချို့ Pizza လုပ်ပုံလုပ်နည်းတွေ အသားပေးတင်ပြထားလို့Pizza Documentary လို့တောင် တင်စားကြသလိုဒီကားရဲ့ မင်းသမီးလေး Emma Roberts ကလည်းမင်းသမီးကြီး ဂျူလီယာရောဘတ်ရဲ့ တူမဖြစ်တာကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ကောင်းမွန်လှပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Little Italyလို့နာမည်ရတဲ့ ကနေဒါကရပ်ကွက်လေးထဲမှာ နစ်ကီ (Emma Roberts)နဲ့လီယို(Hayden Christensen)တို့ သူငယ်ချင်းနှစ်ယောက်ဟာငယ်ငယ်ကတည်းက နှစ်ယောက်ပေါင်းလောင်းကျော် ကစားဖော်ကစားဖက်တွေပါ။သူတို့မိဘတွေကတော့ ပီဇာလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေ ဖြစ်ပြီးတော့စီးပွားပြိုင်ဖက်တွေ ဖြစ်လာတဲ့အခါမှာတော့ မတည့်ကြတော့ပါဘူး။သူငယ်ချင်းနှစ်ယောက်လည်း ကွဲသွားပြီး နစ်ကီကတော့လန်ဒန်မှာ စားပွဲမှူးတစ်ယောာက်ဖြစ်လာဖို့ ကြိုးစားနေခဲ့ပြီးလီယိုကတော့ မိဘတွေရဲ့ပီဇာလုပ်ငန်းဆက်လုပ်နေပါတယ်။တစ်နေ့တော့ နစ်ကီ လန်ဒန်မှာ အလုပ်ဆက်လုပ်ဖို့ ဗီဇာအတွက်ကနေဒါ ပြန်လာတဲ့အခါမှာတော့ ငယ်သူငယ်ချင်းနှစ်ဦးဟာငယ်ငယ်ကသံယောဇဉ်နဲ့ အချင်းချင်း Crush နေကြပေမယ့်မိဘချင်းက ပြိုင်ဖက်တွေမို့ ပီဇာစစ်ပွဲကြားက ရိုမီယိုနဲ့ ဂျူးလီယက်စ်လို ဖြစ်နေကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကြားထဲက ...
movie

Little Italy (2018)

2018
Pathology (2008) 6.0
Pathology (2008) Pathology (2008) IMDb - 6.0/10_____Rotten - 45%   "Forensics အသိပညာနဲ့ လူသတ်ကြည့်မလား" ~~~~~~~~~~~~~~~~~~~~~~~~~ တစ်ခါတလေ တွေးကြည့်ဖူးတယ် ။ " မှုခင်းဆေးပညာ တတ်မြောက်တဲ့သူတစ်ဦးသာ ပိပိရိရိ လူသတ်နိုင်ရင် အဲ့အမှုကာလကို ဘယ်လောက်ထိစစ်ဆေးရမလဲ " ဆိုတာပဲ။ တကယ် ရူးလွင့်လွင့် အတွေးပါပဲ။ဒီကားကတော့ ဟစ်ပိုကရေးတီး ကျမ်းကို ဇာတ်ကားအစမှာ ညွှန်းဆိုပြပြီး မလုပ်သင့်တဲ့ ကျင့်ဝတ်များ ( တနည်းအားဖြင့် ) လူသေတွေနဲ့ ကစားပွဲတွေ ဖန်တီးကြတဲ့ ကားမျိုးဖြစ်တယ်။အမျိုးအစားက #18+Rated ကားမျိုးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သည်းထိတ်ရင်ဖို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ တကယ်မိုက်ပါတယ်။ Autopsy of Jane Doe ကားထက် ပို ကြောက်ဖို့ကောင်းပါတယ်။ဒီဇာတ်ကားမှာတော့ ရင်ခွဲရုံတွေ /သေဆုံးမှုစစ်ဆေးတာတွေက အမှန်တကယ် တည်ဆောက်ခြင်းတွေနဲ့တူတယ်။ သွေးသံတရဲရဲနဲ့ အမှောင်ခန်းတွေက လည်း စိတ်ခြောက်ခြားဖို့ကောင်းပါတယ်။အဲ့ဒီနောက် ဦးခေါင်းခွံခွာပြီး ဦးနှောက်လေးကို အတုံးအခဲလိုက် ကိုင်တွယ်ယူပုံက သာမန်လူအဖို့ကျောချမ်းစေမယ် လို့ ယူဆမိပါတယ်။ နံရိုးတွေ ကို ညှပ်ကိရိယာတွေနဲ့ ချိုးယူပုံတွေက ...
movie

Pathology (2008)

2008