Channel Myanmar

Amanda Peet

The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000
2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)

Identity(2003) 7.3
Identity(2003) Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက်  ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ညီမငယ် JtheKoala  ...
movie

Identity(2003)

2003
Gulliver’s Travel (2010) မြန်မာစာတန်းထိုး 4.9
Gulliver’s Travel (2010) မြန်မာစာတန်းထိုး စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver's Travel ၀တ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား ...
movie

Gulliver’s Travel (2010) မြန်မာစာတန်းထိုး

2010