Channel Myanmar

Amruta Subhash

Shastry Virudh Shastry (2023) 8.8
Shastry Virudh Shastry (2023) Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင်IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း... ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ ...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.94GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shastry Virudh Shastry (2023)

2023
Lust Stories 2 (2023) 7.2
Lust Stories 2 (2023) Lust Stories 2 (2023) IMDb-6.2/10(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီး‌တွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan
movie

Lust Stories 2 (2023)

2023
Gully Boy (2019) 8.4
Gully Boy (2019) Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie

Gully Boy (2019)

2019
4K HEVC
Choked: Paisa Bolta Hai(2020) 6.0
Choked: Paisa Bolta Hai(2020) Choked: Paisa Bolta Hai(2020) ဒီဇာတ်ကားနာမည်ရဲ့အဓိပ္ပါယ်ကတော့ "ပိုက်ဆံကစကားပြောတယ်"လို့အဓိပ္ပါယ်ရပါတယ်။ဆူရှာန်ဆိုတဲ့သူဟာဘာအလုပ်အကိုင်မှမမြဲဘဲဝေလေလေဖြစ်နေပါတယ်။တစ်အိမ်လုံးအတွက်ပိုက်ဆံရှာတာ၊အိမ်သန့်ရှင်းရေး၊အချက်အပြုတ်အားလုံးကိုသူ့မိန်းမစရီသာကပဲဦးစီးနေရပါတယ်။စရီသာဟာဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လစာ ၂၀၀၀-၃၀၀၀ရပေမယ့်လည်းသူတို့တို့တစ်လတစ်လအသုံးစရိတ်တွေများလွန်းတာကြောင့်ငွေကြေးအခက်အခဲကြုံနေရပါတယ်။မိသားစုအတွက် အပူတွေအားလုံးဟာ မိန်းမဖြစ်တဲ့ စရီသာ ခေါင်းပေါ်ပဲရောက်နေလေတော့နေ့စဉ် တခြားဝင်ငွေရမဲ့လမ်းကို အြမဲရှာဖွေနေလေ့ရှိတယ်....ဒီလိုနဲ့တစ်နေ့မှာတော့ သူမဟာ သီးခြားဝင်ငွေရမယ့်လမ်းကြောင်းလေးတစ်ခုတွေ့ထားတယ်...ဒီလမ်းကြောင်းဟာ သူမငယ်စဉ်က မက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပြီးမျှော်လင့်ထားသလို အောင်မြင်နိုင်မလား...မိသားစုတွေရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မလားဆိုတာ...ဘယ်လိုပြဿနာမျိုးတွေထပ်ကြုံရမလဲ....သူမငယ်စဉ်က မက်ခဲ့တဲ့အိပ်မက်ကရော ဘာဖြစ်မလဲ...India ကားကောင်းကြိုက်သူတို့ ခံစားကြည့်ပါဉီး...ဘာသာပြန်ကသူတော့ Thaik Sanပဲဖြစ်ပါတယ်။File Size : (900 MB) and (466 MB) Quality : WEB-DL 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Choked: Paisa Bolta Hai(2020)

Raman Raghav 2.0 (2016) 7.4
Raman Raghav 2.0 (2016) Raman Raghav 2.0 (2016) IMDb - 7.4/10_____Rotten - 86%  ၂၀၁၆ မှာထွက်ရှိထားတဲ့ Raman Raghav 2.0 ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားပြီး IMDb 7.4 အထိရရှိထားပါတယ်။ နာမည်ကြီးစိတ္တဇအကြမ်းဖက်လူသတ်သမား တစ်ဦးဖြစ်တဲ့ Raman ရဲ့ ၁၉၆၀နှစ်အလယ်ပိုင်းများက မွန်ဘိုင်းပြည်နယ်မှာကျက်စားခဲ့ပုံကို တင်ဆက်ပြသထားပြီး ရဲအရာရှိတစ်ဦးဖြစ်တဲ့ Raghuvendra Singh Ubbi နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ရင်ဆိုင်ကြတာတွေကို ရင်တစ်ဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းများသာမက ဇာတ်လမ်းဇာတ်အိမ် အင်မတန်ခိုင်မာကောင်းမွန်တာကြောင့် အများကြီးမညွှန်းတော့ဘဲ ဇာတ်ကားကိုသာကြည့်ရှုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။  ဇာတ်လမ်းအကျဉ်းကိုတော့ မိုးဦးမာန် က ရေးသားပေးခဲ့တာဖြစ်ပါတယ်။    File Size - 956 MB File Type - Mp4 Quality - BR-Rip 720p Duration - 2h 13min Translator - Linnthura1988 Encoder - Kyaw Ye Aung
movie

Raman Raghav 2.0 (2016)

2016