Channel Myanmar

Andrea Ros

Who Would You Take to a Deserted Island? 5.3
Who Would You Take to a Deserted Island? Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie

Who Would You Take to a Deserted Island?

2019
The Laws of Thermodynamics(2018) 6.0
The Laws of Thermodynamics(2018) The Laws of Thermodynamics(2018) IMDb ....6.0 Relationship တစ်​ခုကို တည်​​ဆောက်​​တဲ့အခါ သိပ္ပံနည်းကျ တည်​​ဆောက်​ဖူးကြပါသလား။ ကိုယ့်​ရဲ့ relationship ကို ရူပ​ဗေဒရဲ့ ဥပ​ဒေသ​တွေနဲ့ နှိုင်းယှဉ်​ကြည့်​ဖူးပါသလား။ ​ လူတစ်​ရာမှာ တစ်​​ယောက်​​​လောက်​​တောင်​ရှိဖို့ ရှားပါတယ်​။ အဲ့လိုလူမျိုးတစ်ယောက်ရှိတယ်​။ သူက​တော့ မန်​နဲပါ။ သူက နက္ခတ္တရူပ​ဗေဒပညာရှင်​တစ်​​ယောက်​ဖြစ်​ပြီး သာမိုဒိုင်းနမစ်​ရဲ့ ဥပ​ဒေသ​တွေအ​ကြောင်းကို စာတမ်း​ရေး​နေသူပါ။ တွဲတဲ့ရည်းစားတိုင်းကိုလည်း ရူပဗေဒပုံစံခွက်ထဲဆွဲထည့်ပြီး ယှဉ်ထိုးချိန်ဆနေလေ့ရှိတယ်...တစ်ခါတစ်လေ ဟာသဆန်နေပေမယ့် မန်နဲနဲ့တွဲတာကြာလာတဲ့သူတွေအဖို့တော့ စိတ်ပျက်စရာပါပဲ.... ခပ်ကြောင်ကြောင်နိုင်တယ်လို့ယူဆလို့ရတဲ့ မာနဲအဖို့ အချစ်စစ်များတွေ့မလားဆိုတာတော့ဆက်စောင့်ကြည့်ပေါ့ဗျာ... ဒီဇာတ်​ကားမှာ ရှုပ်​​ထွေးတဲ့ ရူပ​ဗေဒရဲ့ ဥပ​ဒေသ​တွေ၊ သာမိုဒိုင်းနမစ်​ရဲ့ ဥပ​ဒေသ​တွေ စသည်​ဖြင့်​ ပါရှိပါတယ်​။ ​ကြည့်​ရတာ အနည်းငယ်​ ရှုပ်​​ထွေး​နေသ​ယောင်​ရှိပါတယ်​။ သို့​သော်​လည်း ထိုဥပ​ဒေသ​တွေနဲ့ ဖြစ်​တတ်​တဲ့ လူ့စိတ်​ လူ့သဘာဝကို နှိုင်းယှဉ်​ပုံ​ဖော်​သွားတာ​တော့ ​လေးစားဖွယ်​ပါပဲ။ ဒါ​ကြောင့်​မလို့ ဘယ်​​နေရာမှာ ဘယ်​ဥပ​ဒေသနဲ့ နှိုင်းယှဉ်​သွားသလဲဆိုတာ ကြည့်​လိုက်​ကြစို့လားဗျာ။ စာကြွင်း။ ။ ရူပ​ဗေဒ၏ ရှုပ်​​ထွေး​သော ဥပ​ဒေသများ သ​ဘောသဘာဝများကို လူအများနားလည်​​အောင်​ ကြိုးစားဘာသာပြန်​ထား​သော်​လည်း အမှားအယွင်း ...
movie

The Laws of Thermodynamics(2018)

2018