Channel Myanmar

Angana Roy

Picket 43 (2015) 7.2
Picket 43 (2015) Picket 43 (2015) - ခြံစည်းရိုးအမှတ် ၄၃(function(f,b,n,j,x,e){})();IMDb-7.2/10ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်း‌ရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့ Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်‌လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက် ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်‌နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့ တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ် အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ် သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီ စာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ် စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Picket 43 (2015)

2015
Mrs. Undercover(2023) 7.1
Mrs. Undercover(2023) Mrs. Undercover 2023အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 836MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL~Yunni
movie

Mrs. Undercover(2023)

2023