Channel Myanmar

Angus Wright

First Knight (1995) 6
First Knight (1995) First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie

First Knight (1995)

1995
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
See How They Run (2022) 6.6
See How They Run (2022) ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie

See How They Run (2022)