Channel Myanmar

Anil Nedumangad

Padavettu (2022) 8.5
Padavettu (2022) Padavettu (2022) ————————————————— အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးရွာငယ်လေးတစ်ရွာကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံရေး action thriller အမျိုးအစားmovie ဖြစ်ပြီး IMDb rating 9/10 ရရှိထားတာဖြစ်ပါတယ် စိုက်ပျိုးရေးကိုပဲ အခြေတည်ပြီး ရှင်သန်စားသောက်နေကြတဲ့ ရွာငယ်လေးမှာ ဒေသနိုင်ငံရေးပါတီပဋိပက္ခတွေကြား ရင်ဆိုင်ကြရတဲ့အခါ..အားကစားသမားbiker တစ်ယောက်ဖြစ်ခဲ့တဲ့ Ravi ဟာ မတော်တဆမှုတစ်ခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ introvert တစ်ယောက်ဖြစ်သွားပါတော့တယ်ဒါပေမယ့် သူ့ဘဝကိုတစ်ဖန်ပြန်ပြောင်းလဲစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရတဲ့အခါမှာတော့ ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကြီးကို တွန်းလှန်ဖို့ကြိုးစားရပါတော့တယ် .. နိုင်ငံရေးသမားတွေနဲ့ ယှဉ်ပြီး ကြိုးစားနေတဲ့ Ravi တစ်ယောက် ရွာသူရွာသားတွေရဲ့ ထောက်ခံအားပေးမှုကိုရော ရရှိလာမှာလား.. ဘယ်အရာကများသူ့ကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေဖို့တွန်းအားပေးခဲ့တာလဲ.. စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. File size…2.8GB  / 1.26GB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Go-O
movie

Padavettu (2022)

2022
Nayattu (2021) 8.2
Nayattu (2021) [Unicode]Nayattu (2021) ========== IMDb Rating - 8.2ရဲအရာရှိသုံးယောက်နဲ့ လူတစ်ယောက်က မင်္ဂလာဆောင်က အပြန်မှာ ဆိုင်ကယ်စီးလာတဲ့သူကို ကားနဲ့ဝင်တိုက်မိသွားပါတယ်။ ကားမောင်းတဲ့လူက ကားပေါ်မှာပါလာတဲ့ ရဲအရာရှိရဲ့ တူဖြစ်ပြီးတော့ သူက ကြောက်ပြီး ထွက်ပြေးသွားပါတယ်။သေဆုံးသွားတဲ့သူက ဇာတ်နိမ့်မျိုးရိုးဖြစ်တာကြောင့် ဝန်ကြီးချုပ်က တရားခံကိုဖမ်းမိဖို့ ဖိအားပေးပါတော့တယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တာကြောင့် ဝန်ကြီးချုပ်က အပြစ်မရှိတဲ့ ရဲအရာရှိ၃ယောက်ကို တရားခံလို့ စွပ်စွဲပြီး ဇာတ်နိမ့်လူတန်းစားတွေရဲ့ မေတ္တာကို ခံယူလိုက်ပါတယ်။ "မှန်ကန်ရိုးသားတဲ့ရဲတွေက အမြဲပြဿနာကြုံရတယ်။ မရိုးသားတဲ့ရဲတွေကတော့ ဝန်ထမ်းကောင်းဆုကို ရသေးတယ်" ဆိုတဲ့ စကားအတိုင်း လောကကြီးမှာ အမှန်တရားက တစ်ခါတရံမှာ ပေါ်ချင်မှလည်း ပေါ်လာတတ်ကြောင်း ထိထိမိမိရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mya ပါ ) Quality__Web-DL 1080p , 720p IMDb Rating__8.2/10 Format__mp4 Duration__02:04:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Mya Encoded by Naing Aung Latt
movie

Nayattu (2021)

Nonsense(2019) 7.9
Nonsense(2019) Nonsense(2019)IMDb....7.9ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့ သူတွေလည်းများပါတယ်.... ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ.... တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့ ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု ကြိမ်စာတိုက်ခံနေရသလိုပါပဲ.... ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်... လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို ခုံမင်လွန်းတဲ့တစ်ယောက်......သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင် ခေါ်ခံရတဲ့သူပေါ့.... စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမဝင်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့ ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်.... ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့ နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့.... ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ.... သူဘဝအတွက် ဘယ်လိုဆက်ရပ်တည်မလဲ.... အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး.... IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို  ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah & May Tharaphi တို့ပဲဖြစ်ပါတယ်...File Size : (1.2 ...
movie

Nonsense(2019)

2018