Channel Myanmar

Anindya Sengupta

Kadak Singh (2023) 7.4
Kadak Singh (2023) Kadak Singh (2023) "မှတ်ဉာဏ်ဝင်္ကပါ" IMDb-7.4/10OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း...အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာ‌တော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ ...
movie

Kadak Singh (2023)

2023