Channel Myanmar

Ankith Madhav

Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023