Channel Myanmar

Anna Foglietta

Elf Me (2023) 5.2
Elf Me (2023) Elf Me (2023)မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ... သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်... နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ... နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ... ကြည့်ရှူအားပေးနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Elf Me (2023)

2023
The American(2010) 6.5
The American(2010) The American(2010)IMDb....6.5,,,,Rotten ....70%မင်းသားကြီး  George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါသည်....အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့  လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်...သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ....အလုပ်လုပ်တာအတော်ကြာလာတော့း မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာတော့ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်...ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်...သို့ပေမယ်.......သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ...လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက် အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာစောင့်ကြည့်လိုက်ကြပါဦး...ဒီဇာတ်ကားလေးကို အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ ရင်သပ်ရှုမောဖွယ်အလှအပတွေဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size : (900 MB) and (343 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae 
movie

The American(2010)