Channel Myanmar

Anton Saunders

Lord of Misrule (2023) 5.1
Lord of Misrule (2023) Lord of Misrule (2023)ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ...
movie

Lord of Misrule (2023)

2023
Vengeance Is Mine (2021) 6.1
Vengeance Is Mine (2021) Vengeance Is Mine (2021)~ IMDb - 6.1/10, Rotten Tomatoes - 71% ~အသက်တမျှချစ်ရတဲ့ ဇနီးနဲ့သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဟာရီဆိုတဲ့ သာမန်လူတစ်ယောက်...ဖိုက်တာကြီးတစ်ယောက်မဟုတ်သလို ဟီးရိုးကြီးတစ်ယောက်လည်းမဟုတ်တဲ့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ အဝေးဆုံးက သာမန်တွေထဲက သာမန်သူတစ်ယောက်...အုံ့မှိုင်းမှိုင်းနေ့ရက်တွေထဲ လူ့အဖွဲ့အစည်းရဲ့ ဟိုးအောက်ခြေက ဘုရားကျောင်းသန့်ရှင်းရေးလုပ်တဲ့ သာမန်လူတစ်ယောက်…ဒါပေမဲ့ ဇနီးနဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားတွေရဲ့နေရာကို သိသွား​ပြီးနောက်မှာတော့ လက်စားချေလိုစိတ်ကမောင်းနှင်တဲ့ ခွန်အားနဲ့ ပူဆွေးမှုကနိုးထပြီး ဒီဇာတ်လမ်းကို စ,ခဲ့ပါတော့တယ်။ တစ်ခုသိထားရမှာကတော့ ဟာရီဟာ သာမန်သူတစ်ယောက်ဆိုတာပါပဲ။ ကြွက်သားကြီးတွေထုတ်ပြပြီး ရိုးအီနေတဲ့ စကားမျိုးတွေ ပြောမှာမဟုတ်သလို တစ်ပတ်လည်ကန်ချက်တွေလည်းလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြောင့်ပဲ လူသားဆန်တဲ့ဇာတ်ကောင်တစ်ခုကို ခံစားရစေမှာပါ။ဒီဇာတ်ကားရဲ့ ဒါရိုက်တာက သူ့ရဲ့အဓိကရုပ်ရှင်ပရောဂျက် (ဒီဇာတ်လမ်းထဲမှာလည်း စာအုပ်နာမည်ပါသွား) မစခင်လေးမှာ ဒီကားကို ရိုက်ကူးရေးအဖွဲ့သားနည်းနည်းရယ် ပေါ့ပေါ့ပါးပါး Lighting လောက်ပဲသုံးပြီး စကားပြောခန်း နည်းနိုင်သမျှနည်းအောင် ရိုက်ကူးခဲ့တာပါ။ ...
movie

Vengeance Is Mine (2021)

2021