Channel Myanmar

Anupama Parameswaran

(Tillu)² Tillu Square (2024) 7.2
(Tillu)² Tillu Square (2024) Tillu Square (2024) အချစ်ထောင်ချောက်IMDb (7.3/10)ဒီနေ့မှာတော့ CMပရိသတ်ကြီးအတွက် အချစ် ဟာသ မှုခင်းဇာတ်လေးတင်ဆက်ပေးလိုက်ပါတယ် DJ Tillu (2022)ရဲ့အဆက်sequelကားလေးပါ.အရင်ကားမှာငွေတွေနဲ့လွတ်မြောက်လာတဲ့နောက်မှာ တီလူက မင်္ဂလာပွဲတွေစီစဥ်DJလိုက်တီးပေးတဲ့အလုပ်လုပ်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တာပေါ့ ဒီလိုနဲ့ တစ်နေ့မှာလီလီဆိုသူနဲ့တွေ့ဆုံပြီး တစ်ညတာမှားသွားခဲ့တဲ့တီလူဟာ မနက်ရောက်တော့ လီလီမရှိတော့လို့ စိတ်ပျက်သွားခဲ့ရတယ်ဒီလိုနဲ့သူတို့ဇာတ်လမ်းတစ်ခန်းရပ်ပြီထင်ခဲ့ပေမဲ့ ရောဂါဖြစ်နေတဲ့အဖေနဲ့အတူ လီလီကိုဆေးရုံမှာပြန်တွေ့ခဲ့ချိန်မှာတော့ လီလီက သူ့မှာတီလူ့ကိုယ်ဝန်ရှိနေတယ်လို့ပြောလာခဲ့တယ် ဒီလိုနဲ့ တီလူကလီလီနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်.တစ်နေ့..တီလူ့မွေးနေ့မှာ လီလီကတိုက်ခန်းတစ်ခုကိုခေါ်သွားတော့ အဲဒီတိုက်ခန်းက တစ်ချိန်တုန်းကပတ်သက်ဖူးတဲ့ ရာဒီကာသူ့ကိုခေါ်လာဖူးတဲ့တိုက်ခန်းလို့မှတ်မိလာတဲ့အပြင် လီလီကသူဟာ ရာဒီကာသတ်လိုက်တဲ့ရိုဟစ်ရဲ့ညီမလို့ ပြောလာတဲ့အခါ....တီလူတစ်ယောက်ဘယ်လိုအရှုပ်အထွေးတွေကြားထဲ ထပ်ရောက်သွားမလဲ ကြည့်ရှုပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollyood Team 
movie

(Tillu)² Tillu Square (2024)

2024
Siren (2024) 7.2
Siren (2024) Siren (2024) အချက်ပေးသံ IMDb 7.3/10ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.83GB / 1.28GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Siren (2024)

2024
Eagle (2024) 8.3
Eagle (2024) Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie

Eagle (2024)

2024
18 Pages (2022) 7.7
18 Pages (2022) 18 Pages (2022)IMDb 7.7/10 Rowdy Boys တုန်းက ချစ်စရာ့အလှလေး Anupama Parameswaran ရဲ့ဇာတ်ကားသစ်ထွက်ရှိလို့လာပါပြီ Box office မှာ သန်း၁၆၀ ရင်းပြီး သန်း၂၅၀ထိပြန်ရခဲ့လို့ အမြတ်လဲတော်တော်ထွက်ခဲ့တဲ့ဇာတ်ကားလေးပါဇာတ်လမ်းလေးကိုကြည့်ရတာ အိန္ဒိယကားဆိုတာထက် ဟောလီးဝုဒ် အငွေ့အသက်မျိုးထိရအောင်ကို ဇာတ်လမ်းသွားလေးက ရိုးရိုးလေးနဲ့လှပါတယ်လူတစ်ယောက်ကို ဒိုင်ယာရီလေးကနေချစ်မိသွားတဲ့အခါ သူ့ကိုတွေ့ချင်လာတဲ့အခါ ရေဆုံးမြေဆုံးလိုက်ရှာမိရင်း ဒိုင်ယာရီထဲက သူ့အကျင့်တွေပါ ကူးစက်လာမိတဲ့အခါ အချစ်စစ်သာဆိုရင် ဆူးခင်းလမ်းလည်း ပန်းခင်းလမ်းဖြစ်တတ်သွားကြောင်းပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်ကြည်နူးခံစားကြည့်လိုက်ပါဦး File size…2.2GB / 1.03GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ Yunni ~ BpL
movie

18 Pages (2022)

2022
Butterfly (2022) 7.2
Butterfly (2022) Butterfly ( 2022 ) IMDb 7.7/10အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ထဲမှာပဲRowdy Boysနဲ့ Karthikeyan 2ရုပ်ရှင်တွေထွက်ရှိထားတဲ့ မင်းသမီး Anupama ရဲ့ Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဗိုင်ဂျေယန်တီနဲ့ဂီသာတို့ဟာ မိဘတွေမရှိကြတော့ပဲ ကိုယ့်ဘ၀ကိုယ်ရပ်တည်နေကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပါတယ်။ ဗိုင်ဂျေယန်တီဟာ အလွန်တော်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ထောင်ကွဲ ကလေးနှစ်ယောက်မိခင်လည်းဖြစ်ပါတယ်။တရားသူကြီးဖြစ်ဖို့ကြိုးပမ်းနေတဲ့အပြင် လာဘ်ပေးလာဘ်ယူတွေလက်မခံတဲ့အတွက်ကြောင့်လည်း မုန်းတဲ့သူတွေရှိနေပါတယ်။ ဂီသာကတော့ အစ်မဖြစ်သူကိုအမေတစ်ယောက်လိုလေးစားချစ်ခင်တဲ့သူပါ...။တစ်ရက်မှာတော့ အစ်မဖြစ်သူဒေလီမြို့ကို အင်တာဗျူးဖြေဖို့သွားနေတဲ့အချိန် ဂီသာတစ်ယောက် ကလေးနှစ်ယောက်ကိုကြည့်ရှုပေးထားဖို့ဖြစ်လာပါတယ်။ကျောင်းပို့ဖို့ လှေကားကနေအဆင်း ဂီသာသတိမပြုမိလိုက်တဲ့အချိန်ခဏလေးမှာပဲ ကလေးနှစ်ယောက် ပျောက်ချင်းမလှပျောက်သွားပါတော့တယ်...။ ကလေးနှစ်ယောက်ဘယ်ကိုပျောက်သွားတာလဲ...ပြန်ပေးဆွဲတဲ့သူတွေရှိနေတာလား...အစ်မဖြစ်သူမရှိတဲ့အချိန်မှာ ဂီသာတစ်ယောက် ကလေးတွေကိုဘယ်လိုပြန်ရှာမှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာစိတ်၀င်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပါ။ File size…2.6GB / 1.1GB Quality…1080p True WEBDL / 720p Format…mp4 Duration….2 h 16 min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry
movie

Butterfly (2022)

2022
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL
Rowdy Boys (2022) 6.1
Rowdy Boys (2022) Rowdy Boys 2022 ==================ဒီတစ်ခါတော့ အင်ဂျင်နီယာကျောင်းသားလေးနဲ့ဆရာဝန်မလေးကြားအချစ် ဇာတ်လမ်းလေးလာပါပြီလက်က်ဇ်ဂေစီအင်ဂျင်နီယာကျောင်းရယ် ဘရာမာဆေးကျောင်းရယ်က မျက်နှာချင်းဆိုင်ရှိ​​ပြီးတော့လုံးဝမတည့်တဲ့ကမ္ဘာရန်ဘက်ကျောင်း၂ ကျောင်းပေါ့ အင်ဂျင်နီယာဘက်ကခေါင်းဆောင်ကဗစ်ရှ်ဟွာ ဆေးကျောင်းဘက်က ကျောင်းသားက ဗစ်ခရမ်အဲ့ဒီမှာပဲ ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းရေရာရာမသိတဲ့ ပထမနှစ်ကျောင်းသားလေး အက်ရှ်ရှေ ကအင်ဂျင်နီယာကျောင်းနဲ့ဆေးကျောင်းမှားဝင်ပြီးတော့ ရန်သူတော် ဗစ်ခရမ်ရဲ့အသည်းကျော်ကာဗီရာကိုသဘောကျသွားပြီးရည်းစားစာသွားပေးပါတော့တယ် ကာဗီရာနဲ့ဗစ်ခရမ်တို့က ဆေးကျောင်းရဲ့စာအတော်ဆုံးကျောင်းသားတွေ ကျောင်းရဲ့ဂုဏ်ဆောင်တွေပေါ့ ဗစ်ခရမ်ကလည်း ကျောင်းကလူတွေကာဗီရာကို ကြည့်တာလေးတောင် လုံးဝသဘောမကျ သည်းမခံတတ်တဲ့သူမျိုးအဲ့ဒါကို ရန်သူတော်အင်ဂျင်နီယာကောင်လေးက ကာဗီရာ သဘောကျသွားတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်မှာလဲ အက်ဇ်ရှေကရော ကာဗီရာအချစ်ကိုရဖို့ ဘယ်လိုကြိုးစားမှာလဲဘယ်လိုအခက်အခဲတွေ ကြုံရဦးမှာလဲ...ကဲ အင်ဂျင်နီယာကောင်လေးနဲ့ဆရာဝန်မလေးရဲ့ အချစ်ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦး  File size…2.6GB / 1.3GB Quality…1080p WEB DL AAC2.0 Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Shwe Pyae & Poe & Yunni & Haruko
movie

Rowdy Boys (2022)

2022
Hello Guru Prema Kosame (2018) 7.1
Hello Guru Prema Kosame (2018) 2017 တုန်းက ထွက်ခဲ့တဲ့ Hello ဆိုတဲ့ အချစ်အက်ရှင်ကားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ကြည့်တဲ့သူတိုင်းကို မျက်ရည်ဝိုင်းစေတဲ့ ဇာတ်ကားကောင်းလေးပေါ့။လာပါပြီ နောက်တစ်ကား....ဒီကားလေးက တောင်ပိုင်းမင်းသားချော Ram ရဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ အချစ်ဟာသကားလေးပါ။ထူးခြားတာက. . .အိန္ဒိယကား တော်တော်များများမှာ လူဆိုး လူမိုက် လူတွင်ကျယ်အဖြစ် ခေါက်ရိုးကျိုးအောင် သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင်Prakash Raj ရဲ့ အားရစရာကောင်းတဲ့ သရုပ်ဆောင်ဟန်ပါ။မင်းသားချော Ram က အချစ်အက်ရှင်ကားတွေနဲ့ထိုးဖောက်နေသလို လူကြမ်းသရုပ်ဆောင်ကြီး Prakash ကဒီကားမှာ သမီးဖြစ်သူကို စိတ်မချတဲ့ ဖအေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။လူကြမ်းဇာတ်ရုပ်ကို လူအများ ရွံစရာဖြစ်အောင်အမြင်ကပ်စရာဖြစ်အောင် သရုပ်ဆောင်တတ်သလိုဒီလို တမူထူးခြားတဲ့ ဇာတ်ရုပ်မှလည်း Prakash ဟာ ဆရာကျနေဆဲဖြစ်ပါတယ်။ကျွန်တော်တော့ ဒီကားမှာ မင်းသားမင်းသမီးထက်Prakashကို တအားကြိုက်သွားပါတယ်။" ဇာတ်လမ်းအကျဉ်း "ဆန်ဂျူးဆိုတာက မိဘနှစ်ပါးက အလိုလိုက်ထားလို့ရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ လူငယ်လေးဖြစ်ပါတယ်။တစ်နေ့တော့ မိဘတွေရဲ့ဆန္ဒအရ အလုပ်လုပ်ဖို့အတွက် ...
movie

Hello Guru Prema Kosame (2018)

2018