Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aparshakti Khurana
3.4
Street Dancer 3D (2020)
(Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie
Street Dancer 3D (2020)
2020
7.3
Bhediya (2022)
Bhediya (2023) *************** IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့...ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB ...
movie
Bhediya (2022)
2022
8.1
Dhokha: Round D Corner (2022)
Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie
Dhokha: Round D Corner (2022)
2022
6.0
Pati Patni Aur Woh (2019)
movie
Pati Patni Aur Woh (2019)
2019
4.3
Jabariya Jodi (2019)
(Unicode)ဟောဒီဘီဟားမှာ မင်္ဂလာသုံးမျိုးရှိတယ်သတ္တိရှိသူတွေအတွက် ပေးစားလို့ယူလိုက်ကြတဲ့ မင်္ဂလာ ......ကံတရားကစီမံပေးတဲ့ ချစ်လို့ယူကြတဲ့ မင်္ဂလာနဲ့ ...လက်ဖွဲ့ငွေကို လောဘတက်နေတဲ့ လောဘသားကောင်တွေအတွက် အတင်းပေးစားတဲ့ အဓမ္မမင်္ဂလာဆောင်အဓမ္မမင်္ဂလာဆောင်ဆိုတာဘာလဲ အိန္ဒိယမှာ မင်္ဂလာတစ်ခုဆောင်တော့မယ်ဆိုရင်မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ အရည်ချင်းရှိရှိ ဘယ်လောက်ကြီးပဲပြည့်စုံနေပါစေအဲ့ဒိမိန်းကလေးဘက်က ယောက်ျားလေးကို ပြန်တင်တောင်းရပါသတဲ့ဒီကိစ္စကို အစိုးရက တရားမဝင်ဘူးဆိုပြီး တားမြစ်ထားပေမယ့် ယခုအချိန်ထိ ငွေကြေးမရှိရင်သမီးတွေအိမ်ထောင်မချပေးနိုင်တဲ့မိဘတွေအများကြီးပါတစ်နှစ်တစ်နှစ် အဲ့ဒိသောကကြောင့် သက်သေသွားတဲ့အဖေတွေ မနည်းမနောပါပဲအဲ့ဒိတော့ အဲ့ဒိလိုလက်ဖွဲ့ကို လောဘတက်ပြီး သားလိုချင်ရင် ပိုက်ဆံ သိန်း ၅၀ နဲ့ ကားတစ်စီးကျုပ်သားကတော့ ဆရာဝန်ဆို ဒီလောက်မှ အင်ဂျင်နီယာဆို ဒီဈေးပေါက်တယ်ဆိုပြီး နွားဈေး ဆောရီး သားဈေးသိပ်ကောင်းနေပါတယ်ဘီဟားမှာတော့ ဒီလိုပြဿနာဖြစ်လာရင် ဒိုင်ခံဖြေရှင်းပေးတာ ဟူကွမ်ဒေ့ဗ်ဆင့်နဲ့ အဘေး(ဟ်)ဆင့်တို့သားဖပါပဲသူတို့ဖြေရှင်းပုံက လက်ဖွဲ့လောဘသားကောင်တွေကို သူတို့တောင် မသိလိုက်ဘဲစပ်ရိုက်မင်္ဂလာဆောင်တွေလုပ်ပေးပြီး မိန်းကလေးနဲ့ အတင်းပေးစားပစ်လိုက်တာပါဒီတော့ လက်ဖွဲ့ကြေးပေးစရာမလိုဘဲ သမီးမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးလို့ရသွားပါတယ်အဲ့ဒိလို ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့ အဘေးဆင့်တစ်ယောက် တစ်နေ့မှာသူ့ငယ်ချစ် ဘဘ်လီတစ်ယောက်ကိုလည်း ထိုပြဿနာကို ဖြေရှင်းဖို့အကြောင်းဖန်လာလေသောအခါ ...
movie
Jabariya Jodi (2019)
2019
6.4
Luka Chuppi(2019)
Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖ်ာရိုက်ကူးထားပြီးKartik ...
movie
Luka Chuppi(2019)
2019
8.3
Stree (2018)
"ဇာတ်လမ်းအကျဉ်း" "အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ " တဲ့။ မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ ပွဲတော်ရက်ဆိုရင် သရဲမလေး ယောက်ျားရှာထွက်တယ်။ တမြို့လုံးမှာ ရှိရှိသမျှ ယောက်ျားလေးတွေ အားလုံး သတိ! ဒီလို အယူသည်းတာတွေကို မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။ တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း လက်ရဲဇက်ရဲနိုင်လှပါတယ်။ သရဲ မယုံတဲ့ ဗစ်ကီဟာ.... နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို... တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲတော် ဒုတိယညမှာ မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့.... မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့ သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။ သရဲမလေးနဲ့... ဗစ်ကီတို့ .... ဘယ်လို ဆက်နွယ်နေကြမလဲ? ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက သရဲမလေးလား? ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ? ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်ကြမလဲ? စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ ------------------------------------------------ Comedy, Horror ကားဖြစ်နေတာမို့ ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။ IMDb Rating - 8.2 ...
movie
Stree (2018)
2018