Channel Myanmar

Arisa Komiya

The Tunnel to Summer, the Exit of Goodbyes (2022) 6.8
The Tunnel to Summer, the Exit of Goodbyes (2022) The Tunnel to Summer, the Exit of Goodbyes (2022)~ IMDb - 6.8/10, Rotten Tomatoes - 100% ~  " နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက် " တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊ တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ ငါတို့တကယ်မရှိခဲ့ဘူးလို့ ငါတို့သိလိုက်ရတဲ့နှစ်တွေမှာ နွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိုဏ်ခေါင်းလေးထဲ ငါ ပြေးဆင်းကြည့်မိတယ်... အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း... ငါတို့ကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲ အပြင်မှာ ဘယ်လောက်ထိ ပြောင်းသွားကြလဲ အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲ ဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာ ငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်း ဒီကမ္ဘာဝန်းထဲ တို့ထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်... ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလို့ စုံလုံးမှိတ်ယုံလိုက်ကြတာပေါ့ နွေရာသီတွေလည်း လင်းဦးမယ်...  (ဒီဇာတ်ကားနဲ့အညွှန်းကဗျာကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration ...
movie

The Tunnel to Summer, the Exit of Goodbyes (2022)

2022
Toshimaen: Haunted Park (2019) 5.5
Toshimaen: Haunted Park (2019) Toshimaen:Haunted Park (2019)ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက "စခိ"ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ "စခိ"က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File ...
movie

Toshimaen: Haunted Park (2019)