Channel Myanmar

Arun Vijay

Mission: Chapter 1 (2024) 7.5
Mission: Chapter 1 (2024) Mission Chapter 1 (2024)"ဒါ့စ်ရှယာ အရှုပ်တော်ပုံ" ========================================ရုံတင်စဉ်က အထိုက်အလျောက် အောင်မြင်မှုရခဲ့တဲ့ IMDb 7.5/10 ရ တမီလ်စကားပြော Action, Thriller ရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ တမီလ်ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ အာရွန်ဗီဂျေးနဲ့ အာဘီဟာဆန်တို့ အပြိုင်သရုပ်ဆောင်ထားကြပြီး နောက်ပိုင်းထွက်တဲ့ အမျိုးအစားတူရုပ်ရှင်တွေထဲမှာ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတဲ့ ရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ဇာတ်လမ်းကတော့.. အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှာ အိန္ဒိယဘက်အခြမ်းထဲကို ဘယ်သူမှန်းမသိတဲ့လူစိမ်းတွေဝင်လာလို့ အိန္ဒိယနယ်ခြားစောင့်တပ်က အသည်းအသန်လိုက်ရှာနေတယ်။ သူတို့တွေဟာ ပါကစ္စတန် အစွန်းရောက်သမားတွေဖြစ်ပြီး အိန္ဒိယသမိုင်းတစ်လျှောက် အကြီးမားဆုံး ဖောဂာ်ခွဲမှုတွေလုပ်ဖို့ လန်ဒန်အထိ အဖွဲ့ဝင်တွေ ဖြန့်ပြီး စနစ်တကျ စီစဉ်နေကြတဲ့သူတွေပါ။တချိန်ထဲမှာပဲ ဂူနာဆိုတဲ့ ဇာတ်လိုက်ဖြစ်သူကလည်း သူ့သမီးလေးကို ခွဲစိတ်ဖို့ လန်ဒန်ကိုသွားရင်း အဲဒီပြဿနာတွေကြားထဲမှာ ကြားညှပ်ပြီး ရဲတွေအတင်းလိုက်ဖမ်းတာခံရတဲ့အခါ...။ ဒီရုပ်ရှင်ဟာ Tollywood ရုပ်ရှင်လောကမှာ မြင်ရခဲတဲ့ အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကလည်း တကယ်ကိုကောင်းတာမလို့ အိန္ဒိယ action thriller ကြိုက်သူတွေဆိုရင် အနည်းဆုံး နှစ်ခေါက်လောက်တော့ ထပ်ကြည့်မိမယ့် ရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB / ...
movie

Mission: Chapter 1 (2024)

2024
Sinam (2022) 5.9
Sinam (2022) Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie

Sinam (2022)

2022
Yaanai (2022) 6.7
Yaanai (2022) Yaanai 2022 IMDb 6.7 Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါလွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့ သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲမင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ် File size…3.42GB / 1.6GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Su Mon Aung  & Yunni &  ...
movie

Yaanai (2022)

2022
Oh My Dog(2022)
Oh My Dog(2022) Oh My Dog 2022ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီးAmazon Prime က ထုတ်လွှင့်ထားတဲ့ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ်ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်း‌မျိုးသန့်တွေပဲမွေးထားတာပေါ့တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ်အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ်ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်းအာဂျွန်ဆိုတဲ့ကလေးလေး‌နဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့‌ခွေးလေးဆင်းမ်ဘာကအာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူးဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ်သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီး‌နောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲနှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲRating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက်မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်)  File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko
movie

Oh My Dog(2022)

2022
Mafia: Chapter 1 (2020) 6.4
Mafia: Chapter 1 (2020) (Unicode)ဒီကားက မြန်မာပြည်မှာတောင်မတ်လ ၁၃ရက်နေ့အထိ ရုံတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။တောင်ပိုင်းရုပ်ရှင်တွေနဲ့ အနည်းငယ်အဆက်ပြတ်နေတာကတစ်ကြောင်း ၊ဇာတ်လမ်းပုံစံနဲ့ ဒါရိုက်တာရဲ့ ရိုက်ကူးပုံကို ​ကြိုက်မိတာက တစ်ကြောင်းကြောင့်ဒီကားကို ဘာသာပြန် တင်ဆက်ပေးလိုက်တာပါ။ (Subtitle File မထွက်သေးပါဘူး၊generate လုပ်ထားတဲ့ စာဖိုင်နဲ့ အမြန်ဆုံး တင်ဆက်ပေးလိုက်တာပါ။)အညွှန်းမူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအတွက် ခေါင်းစားနေချိန်မှာ. . .ချန်နိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင်က မပိုင်ပဲမလုပ်ဖို့ မသိသလိုနေဖို့ သူ့ကို ပြောလာခဲ့ပါတယ်။ဒီမူးယစ်အမှုတွေရဲ့နောက်ကွယ်ကလူဟာ အာဏာရှိတဲ့သူ ဖြစ်နေတဲ့အတွက်မပိုင်ပဲလုပ်ရင် ဒုက္ခရောက်နိုင်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်က အာရ်ယန့်ကိုအသိပေးတာ ​ဖြစ်ပါတယ်။ဒီအတောအတွင်းမှာ အာရ်ယန်နဲ့ခင်တဲ့ ထောက်လှမ်းရေးအလုပ်ကို ခုံမင်တဲ့သူတစ်ယောက်ဟာ အရေးကြီးတဲ့သတင်းပေးစရာရှိတယ်လို့ချိန်းပြီး အာရ်ယန်နဲ့မတွေ့ခင် အသတ်ခံလိုက်ရတယ်။သူပေးချင်တဲ့သတင်းက ဘာလဲ?မူးယစ်ဆေးဝါးအမှု့တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာက ဘယ်သူတွေလ?အာရ်ယန်ကရော ဒီအဖွဲ့ကို ဘယ်လိုဖော်ထုတ်မှာလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ။သေချာတာကတော့ ပျင်းစရာ ကောင်းမနေပဲ စိတ်၀င်စားစရာအပြည့်ပါတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung ...
movie

Mafia: Chapter 1 (2020)

2020
Saaho (2019) 5.2
Saaho (2019) Saaho (2019)_____IMDb - 5.2/10  (Unicode)၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating - 5.2/10Language - TeluguGenere - Action / Thriller------------------------------------ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။အချင်းချင်းတွေ ကွဲနေကြတယ်။ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့.....မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။--------------------------------ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်း ...
movie

Saaho (2019)

2019
Chekka Chivantha Vaanam (2018) 8.0
Chekka Chivantha Vaanam (2018) IMDb Rating -7.9/10 Google Users - 93% ထိ"ဇာတ်လမ်းအညွှန်း"ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ဒီသတင်းကို ကြားတော့...သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ "ဗာရာဒန် "၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် "သီယာဂူ"၊သားငယ် "အီသီ"တို့ ရောက်လာကြပါတယ်။ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။တရားခံက ဘယ်သူလဲ?ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ....။ ---------------------------------------- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . .ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . .သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . .ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ဇာတ်လမ်းက ...
movie


2018