Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aruna Balaraj
8.3
Ondu Sarala Prema Kathe (2024)
Ondu Sarala Prema Kathe (2024) "ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်" IMDb - 8.4/10ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်) File size…2.14GB / 1.03GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Ondu Sarala Prema Kathe (2024)
2024
One Cut Two Cut (2022)
One Cut Two Cut (2022)One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ...။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။) File size…1.3GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Dee~Yunni
movie
One Cut Two Cut (2022)
2023
8.5
Hosa Dinachari (2022)
Hosa Dinachari (2022)IMDb-8.5/10 မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွားလာစေမယ့်ဇာတ်လမ်းလေး "Hosa Dinachari" ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာ အချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာ အားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင် Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ....(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.4GB/ 612MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dee ~ V ~ BpL ~ Zwe ~ Cherry
movie
Hosa Dinachari (2022)
2023