Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arya Babbar
Zehan (2024)
Zehan (2024) (စိတ္တဇအချစ်)လူတွေဟာ စိတ်ရဲ့အလိုနောက်ကိုလိုက်ရင်း တချို့က မှန်ကန်တဲ့နည်းလမ်းတွေ ရှာတွေ့သွားကြသလို တချို့ကလည်း လမ်းမှားကိုလိုက်ရင်း ပျော်မွေ့နေတတ်ကြတယ်။ စိတ်ဆိုတဲ့အရာက သိပ်ကိုအံ့ဩဖို့ကောင်းပါတယ်။ လူတစ်ယောက်ကို ကမ္ဘာသစ်တစ်ခုထဲ ခေါ်သွားနိုင်ပါတယ်။ သူသာလျှင် အဲ့ဒီကမ္ဘာမှာကြီးစိုးနေတဲ့တစ်ယောက်ပေါ့ဗျာ။ သူသာလျှင်လူတိုင်းအပေါ် ဩဇာရှိသူပေါ့။ အဲ့ဒီလိုမျိုး စိတ္တဇသမားတွေလည်း ရှိတတ်ကြတယ်။ သူတို့ကို အနိုင်ယူဖို့ဆိုတာမျိုးက လွယ်လှတဲ့ကိစ္စမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကမ္ဘာမှာ သူက မင်းကိုအတွေးတွေနဲ့တင်နိုင်ပြီးသားလေ။ သူ့စိတ္တဇကမ္ဘာမှာ သူသာလျှင် ဘုရင်ပဲမို့လေ။သူတို့တွေ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံကိုရှိနေပါတယ်။ တချို့က ငယ်စဉ်ကတည်းက မိဘမေတ္တာကိုငတ်နေကြတဲ့သူတွေ၊ တချို့ကတော့ နိုင့်ထက်စီးနင်းပြုကျင့်ခံရသူတွေ၊ တချို့ကတော့ မကောင်းတဲ့အတတ်တွေကြောင့် ဘဝပျက်ခဲ့ရသူတွေပေါ့။ကဲ ဒီဇာတ်လမ်းလေးထဲမှာလည်း စိတ္တဇဆန်တဲ့အချစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး ဘာကြောင့် စိတ္တဇဆန်ဆန်အရူးတစ်ယောက်လိုဖြစ်သွားရတာလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်။ ပြောနေရတာကြာတယ်ကွာ..ခုပဲ ဒေါင်းကြည့်လိုက်တော့နော်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.8GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie
Zehan (2024)
2024
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
6.5
Chalk N Duster (2016)
Chalk N Duster (2016)_____IMDb - 6.5/10 " Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ " ••••••••••••••••••••••••••• "ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် " [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။"ကျွန်မတို့က ဆရာမတွေ " ______________________________အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ...
movie
Chalk N Duster (2016)
2016