Channel Myanmar

Arya

Saindhav (2023) 6.2
Saindhav (2023) Saindhav (2024) IMDb - 6.2/10ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို စုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။ စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie

Saindhav (2023)

2023
4K HEVC
Katharbasha Endra Muthuramalingam (2023)
Katharbasha Endra Muthuramalingam (2023) Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH
movie

Katharbasha Endra Muthuramalingam (2023)

Vasantha Mullai (2023) 8.3
Vasantha Mullai (2023) Vasantha Mullai (2023)IMDb 8.3/10ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​ နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့ မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ်သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့.... File size…1.68GB / 705MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Yunni~ Khin Khin
movie

Vasantha Mullai (2023)

2023
Captain (2022) 4.7
Captain (2022) Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie

Captain (2022)

2022
Gangs of 18(2022) 9
Gangs of 18(2022) Gangs of 18(2022)ယခုနှစ်မှထွက်ရှိလာတဲ့ အိန္ဒိယ အက်ရှင်/ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb 9.0/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သာမန်ဇာတ်ကားတစ်ကားဆိုတာထက်ပိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဥ်းကတော့ ကာကီနာဒါဆိုတဲ့မြို့မှာ အခြေခံလူတန်းစား၊တစ်နည်းပြောရရင် ဆင်းရဲချို့တဲ့တဲ့ကျောင်းသားတွေတက်တဲ့ကျောင်းနဲ့ လူကုံထံအသိုင်းအဝိုင်းကကျောင်းသားတွေတက်တဲ့ကျောင်းဆိုပြီးနှစ်ကျောင်းရှိပါတယ်။ဆင်းရဲသားကျောင်းကကျောင်းသားတွေကတော့ စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာလူကုံထံကျောင်းကကျောင်းသားတွေကတော့ မူးယစ်ဆေးတွေအပျော်အပါးတွေနဲ့နစ်မွန်းနေခဲ့ပါတယ်။ဒါ့အပြင်သူတို့နှစ်ကျောင်းကလည်းဘယ်တော့မှ သင့်သင့်မြတ်မြတ်မရှိပဲ ဦးသူဆော်စနစ်နဲ့အချင်းချင်းကြုံသလိုပြသနာရှာဖို့ချောင်းပြီး အမြဲရန်ပွဲတွေဖြစ်နေကြတာပါ။ဒီဘဝပေးအခြေနေချင်းမတူကြတဲ့လူငယ်တွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမှာလဲ။မပြည့်စုံတဲ့ဘဝကလူငယ်တွေကရော သူတို့ပန်းတိုင်ကိုရှာဖွေနိုင်မှာလား။ ချမ်းသာပြီးပျက်စီးနေတဲ့လူငယ်တွေကရော လမ်းမှန်ကိုပြန်ရောက်နိုင်ပါ့မလား။ သူတို့ချင်းကြားကရန်ပွဲတွေကရောဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ပရိသတ်ကိုယ်တိုင်ပဲရှုစားပေးကြပါဦး။လူငယ်ကျောင်းသားဘဝအငွေ့အသက်တွေနဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.4GB / 1.2GB / 500mb Quality…1080p WEBDL AAC 2.0CH / 720P / 480p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Haruko & Yate
movie

Gangs of 18(2022)

2022
Enemy (2021) 7.7
Enemy (2021) ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ဇာတ်လမ်းအကျဉ်း...ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူကအန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်းငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်းကိုတော့ ThuRa  Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimXTrafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie

Enemy (2021)

2021
4K HEVC Web-DL