Channel Myanmar

Asadujjaman Asad

Surongo (2023) 6.6
Surongo (2023) Surongo (2023) IMDb-6.6/10မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီး နှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။ တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့် အချစ်မှာကျရှုံးမိပါလေရော။ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက် ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့ လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘ လက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီး မလေးရှားတက်အလုပ်လုပ်ပါလေရော။အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…1.8GB  /  900MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~YH~Zwe~BpL~V
movie

Surongo (2023)

2023