Channel Myanmar

Ashin

Novo Land : Floating Heart ( 2022 ) 6
Novo Land : Floating Heart ( 2022 ) Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ...မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ... နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Yin Wai Phyo , Moon Encoded By LK
movie

Novo Land : Floating Heart ( 2022 )