Channel Myanmar

Ashley Boettcher

Throne of Elves (2016) 7.9
Throne of Elves (2016) ဒီကားလေးက ပထမထွက်ရှိထားတဲ့ Dragon Nest: Warrior's Dawn ရဲ့အဆက် ဒုတိယကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးမပြောခင် movie version လေးအကြောင်းပြောပါရစေ ကျွန်တော်တို့ပထမတင်ပေးခဲ့တာက english version ဖြစ်ပြီး အခုတင်ဆက်ပေးတာကတော့ chinese version ပဲ ဖြစ်ပါတယ်... version မတူတဲ့အတွက် ဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ နာမည်ဟာ နတ်သူငယ်မလေး လီယာ(Liya)ကလွဲပြီး ကျန်တာတွေမတူကြပါဘူး.. .(ဥပမာ eng ver: Lambert = Chinese ver: Xiao Yu) ဒါလေးတစ်ခုတော့ သည်းခံပေးပါခင်ဗျာ   ဇာတ်လမ်းအကျဉ်းအရ ပထမဇာတ်ကားရဲ့ နဂါးတိုက်ပွဲအပြီး အားလုံးအေးချမ်းသွားတဲ့အချိန် ရှောင်ယူ(လမ်းဘာတ့်) နဲ့ နတ်သူငယ်မလေး လီယာတို့နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက်မေတ္တမျှနေကြပြီ...   သို့သော်လည်း နေရာဒေသဝေးကွာတဲ့အခြေအနေကြောင့် တွေ့ကြရဖို့တော့ မလွယ်ကြ..   .တစ်နေ့ ကံကြမ္မာမျက်နာသာပေးလို့ သူတို့နှစ်ယောက် ဆုံတွေ့ဖို့ အခွင့်အရေးတစ်ခုပေါ်ပေါက်လာလေရဲ့...   ဒီအချိန် နတ်သူငယ်တိုင်းပြည်ကို သိမ်းပိုက်ဖို့ကြံစည်နေတဲ့ အမှောင်လောကဘက်တော်သား နတ်သူမတစ်ယောက်က ကြိုးစားအားထုတ်လာတဲ့အခါမှာတော့....   နတ်သူငယ်ထီးနန်းကို သိမ်းပိုက်ဖို့ သူ ဘယ်လိုတွေလုပ်မှာလဲ? လီယာတို့ရဲ့အချစ်ဇာတ်လမ်းကရော ဘာတွေဖြစ်မလဲ? ဆိုတာတွေကိုတော့ ဒီရုပ်ရှင်ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုကြပါကုန်...   ဒီကားမှာတော့ နတ်သူငယ်မလေးတွေ အရင်ထက် ပိုချော ပိုချစ်စရာကောင်းလာတာကိုသတိပြုမိပါတယ် ကောင်းမွန်တဲ့ Animation ပြုလုပ်ချက်တွေကြောင့်လည်း ကြည့်ရှူရတဲ့ ပရိတ်သတ်ကြီးအတွက် သဘောကျစေမှာပါ...   ဒါကြောင့် ...
movie

Throne of Elves (2016)

2016
Aliens In Attic (2009) 5.4
Aliens In Attic (2009)  Adventure ကားလေးလည်းဖြစ် ဟာသဆန်ဆန်လေးလည်းရောထားတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.... ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Aliens in the Attic ကားလေးဟာ IMDB 5.4 ပဲရထားပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကားလေးမို့ လက်လွတ်မခံသင့်တဲ့ ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပီတာဆန်မိသားစုက နွေရာသီပိတ်ရက်ဖြစ်တဲ့အတွက် ငါးဖမ်းဖို့မီချီဂန်မှာရှိတဲ့ အပန်းဖြေရိပ်သာတခုကို ခရီးထွက်လာခဲ့ကြပါတယ်... အဲ့မြို့ရောက်တဲ့အခါ သူတို့ငှားထားတဲ့အိမ်မှာ ဘယ်တုန်းထဲက မြှုပ်ထားမှန်းမသိတဲ့ ဂြိုလ်သားတွေနဲ့ပတ်သက်တဲ့ စက်ကိရိယာတခုကြောင့် ဂြိုလ်သားတွေ သူတို့အိမ်ထဲ ကျူးကျော်ဝင်ရောက်မှုတွေဖြစ်ပြီး လူသားတွေကို စိတ်ထိန်းချုပ်စက်တွေတပ်ဆင်ကာ ကမ္ဘာကြီးကို ကြီးစိုးဖို့ကြိုးစားပါတော့တယ်။ တွမ်ပီတာဆန်တို့မောင်နှမတသိုက် မိဘတွေမသိအောင် ကမ္ဘာကြီးကိုဘယ်လိုကာကွယ်ရင်း ဂြိုလ်သားတွေကိုဘယ်လိုနှိမ်နင်းကြမှာလဲ... သူတို့အချိန်မှီကာကွယ်နိုင်မလား ဂြိုလ်သားတွေကပဲ ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ၀င်ရောက်လာကြမလားဆိုတာကို ပရိတ်သတ်ကြီးက ဇာတ်ကားလေးဒေါင်းပြီး ကြည့်ရှူလိုက်ကြပါဦးနော်... [Adventure ကားလေးလည်းဖြစ် ဟာသဆန်ဆန်လေးလည်းရောထားတဲ့ ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.... ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Aliens in the Attic ကားလေးဟာ IMDB 5.4 ပဲရထားပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကားလေးမို့ လက်လွတ်မခံသင့်တဲ့ ကားလေး ...
movie

Aliens In Attic (2009)

2009