Channel Myanmar

Ashley Bratcher

Unplanned (2019) 5.8
Unplanned (2019) Unplanned (2019)_____IMDb - 5.8/10    ဒါကတော့ အက်ဘီဂျွန်ဆင်ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဖြစ်ရပ်မှန်တွေကိုရေးသားထားတဲ့စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Dramaကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ သူ့မှာကြင်နာတဲ့ယောက်ျား၊ ချစ်စရာကောင်းတဲ့သမီးလေးနှင့် ပံ့ပိုးတဲ့မိဘတွေရှိပြီး ပျော်ရွှင်ရပေမယ့် သူ့မိသားစုကသူ့အလုပ်အကိုင်ကိုတော့လုံးဝအားမပေးပါဘူး။ ဘာလို့ဆိုသူက Planned Parenthoodဆိုတဲ့ အမျိုးသမီးကျန်းမာရေးဆေးခန်းမှာ သမိုင်းတစ်လျှောက်အငယ်ဆုံးဒါရိုက်တာအဖြစ်အလုပ်လုပ်လို့ပါပဲ။ အဲ့ဆေးခန်းကတခြားကျန်းမာရေးကိစ္စတွေလည်းလုပ်ပေးပေမယ့် အဓိကကတော့ကိုယ်ဝန်ဖျက်ချပေးတဲ့ကိစ္စကိုလုပ်ပေးတာပါ။ ဒီကားမှာ ကိုယ်ဝန်ဖျက်ချတာကိုအမျိုးသမီးအခွင့်အရေးအဖြစ်လက်ခံတဲ့သူတွေနဲ့ ဒါဟာအသက်တစ်ချောင်းဖြစ်လို့လုံးဝလက်မခံနိုင်တဲ့သူတွေကြား ပဋိပက္ခတွေလည်းဖြစ်နေကြကိုလည်း မီးမောင်းထိုးပြထားပြီး သူအလုပ်လုပ်နေတဲ့အချိန်တစ်လျှောက် တွေ့ကြုံရတဲ့ကိုယ်ဝန်ဖျက်ချမှုရဲ့အကျိုးအပြစ်တွေကိုလည်း သေချာကြီးကိုရိုက်ပြထားတာပါ။ ဒီကားဟာသူ့အတွေ့အကြုံတွေကိုရိုက်ပြထားပေမယ့် လုံးဝပျင်းစရာမကောင်းခဲ့ပါဘူး။ Dramaကားဆိုပေမယ့်တစ်ချို့အခန်းတွေဆိုရင် ရင်တမမနဲ့ကြည့်ရှုရပြီး တစ်ချို့အခန်းတွေကတော့တော်တော်ကြေကွဲဖို့ကောင်းပါတယ်။ ကိုယ်ဝန်ဖျက်ချမူတွေကိုသေချာရိုက်ပြထားလို့ပဲ ဒီကားကို PG13ကနေ R ratedအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။ ဒါကတော့ 2019မှာထွက်ထားတဲ့ Dramaကားကောင်းတွေထဲကတစ်ခုဆိုတာကတော့ အသေအချာပါပဲ။    File Size : ( 1 GB ) Quality :  WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Moe Lay Encoded by Moe Myint Lwin
movie

Unplanned (2019)