Channel Myanmar

Aurora Giovinazzo

L’uomo sulla strada (2022) 6.2
L’uomo sulla strada (2022) L'uomo sulla strada (2022)~ IMDb rating - 6.2/10 ~ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ... တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ... ဆိုတာ​တွေကို ကြည့်ရမယ့် ...
movie

L’uomo sulla strada (2022)

2022
Dog Years (2021) 5.8
Dog Years (2021) Dog Years (2021)=============IMDb Rating - 5.9/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အီတလီလူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ တစ်မျိုးလေး ထူးဆန်းနေမှာပါ ဘယ်လိုထူးဆန်းလဲ ဆိုတာကတော့ အောက်မှာ ဆက်ဖတ်ကြည့်ကြပါနော်၊ခွေးတစ်ကောင်ရဲ့ အသက်တစ်နှစ်ဆိုတာ လူ့အသက်တစ်နှစ်ရဲ့ ၇ဆနဲ့ညီမျှပါတယ် ဥပမာဆိုရရင် သူတို့အသက် ၁၁၂ နှစ်ရောက်တဲ့အချိန်ဆို လူတွေက ၁၆ နှစ်အရွယ်ပေါ့။ အဲ့လို ခွေးအသက် ၁၁၂ နှစ် (လူ့အသက် ၁၆ နှစ်) မှာ ခွေးတွေ သက်တမ်းကုန်ဆုံးကြတယ်လို့ ယူဆထားတဲ့ စတေလာဆိုတဲ့ ကောင်မလေးကလည်း သူမရဲ့အသက်ကို ခွေးတွေရဲ့အသက်တွက်နည်းအတိုင်း တွက်ချက်ပြီးနေထိုင် ပါတော့တယ်။သူမကိုယ်သူမ အသက်၁၆နှစ်ပြည့်ရင် သေတော့မယ်လို့ထင်နေတဲ့ စတယ်လာတစ်ယောက် သူမသေခင် ၁လအလိုမှာ သူ့ဘဝမှာ မလုပ်ဖူးတဲ့အရာတွေကို စာရင်းလုပ်ပြီး စတင်လုပ်ဆောင်ပါ တော့တယ်။ အပေါင်းအသင်းလည်းသိပ်မရှိ ရည်းစားလည်းမရှိ တစ်ယောက်တည်းပဲအချိန်ကုန်ဆုံး နေခဲ့တဲ့ စတယ်လာတစ်ယောက်..... သူမ လုပ်ချင်နေတဲ့စာရင်းကကောဘာဖြစ်မလဲ.... ဘာလို့များ သူမရဲ့အသက်ကို အဲ့လိုတွက်ချက်ရတာလဲ....ဆိုတာကို သူငယ်ချင်းသံယောဇဥ်လေးတွေနဲ့ အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe ...
movie

Dog Years (2021)

2021