Channel Myanmar

Bae Jong-ok

Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

The Chase (2017) 6.0
The Chase (2017) The Chase ဆိုတဲ့ဇာတ်​ကား​လေးက​တော့ ကွင်းဆတ်​လူသတ်​မှု​လေးတစ်​ခုကို လျှို့ဝှက်​ချက်​​တွေနဲ့ဇာတ်​အိမ်​တည်​ထားတဲ့ မှုခင်းကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။"လူတစ်​​ယောက်​ရဲ့ အပြင်​ပန်းမြင်​ရတဲ့စရိုက်​ကိုကြည့်​ရုံနဲ့ အဲ့လူရဲ့အတွင်းစိတ်​ကို အကဲဖြတ်​လို့မရပါဘူး"ရှင်းဒုတ်​ဆူ ဟာ အများက ​ငွေဘဲသိတဲ့အဘိုးကြီးလို့သတ်​မှတ်​ထားကြတဲ့ အ​ပေါက်​ဆိုးတဲ့ ​တိုက်​ခန်းပိုင်​ရှင်​တစ်​ဦးပါ။ သား မယားမရှိပဲ တစ်​ဦးတည်းဘ၀က်ို အထီးကျန်​ကျန်​ဖြတ်​သန်း​နေရတဲ့ ရှင်းဒုတ်​ဆူတို့ ရပ်​ကွက်​မှာ သက်​ကြီးရွယ်​အို​တွေ ​သေဆုံးမှု​တွေ ဖြစ်​ပွားခဲ့ပါတယ်​။ သဘာဝအတိုင်း​သေဆုံးတယ်​ထင်​ခဲ့​ပေမယ့်​ သံသယဖြစ်​စရာ​တွေများလာပြီး​နောက်​ပိုင်း ရှင်းဒုတ်​ဆူရဲ့တိုက်​ခန်းက ဂျီအွန်းဆိုတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ ​ပျောက်​ဆုံးသွားခဲ့ပါတယ်​။လခကို ပုံမှန်​မ​ပေးနိုင်​​ပေမယ့်​ အလုပ်​ကြိုးစားပြီးမိခင်​ကို​ထောက်​ပံ့​နေတဲ့ ဂျီအွန်းဟာ ရုတ်​တရက်​​ပျောက်​ဆုံးသွားပြီး သူ့အခန်းမှာ​တော့ သူ့သူငယ်​ချင်​ ဆူ​ယောင်းရဲ့အ​လောင်းကို ရှင်းဒုတ်​ဆူ ​တွေ့ခဲ့ရပါတယ်​။ရှင်းဒုတ်​ဆူပိုင်​ဆိုင်​တဲ့ တိုက်​ခန်းကိုငှား​နေသူ ချွဲမျိုးနွယ်​လူကြီးရဲ့မိတ်​​ဆွေ ​ဘတ်​​ဖျောင်းဒယ်​ဆိုတဲ့ စုံ​ထောက်​နဲ့ ရှင်းဒုတ်​ဆူ​တွေ့ဆုံခဲ့ပြီး သူတို့နှစ်​​ယောက်​ ပူး​ပေါင်းစုံစမ်းရာမှာ​တော့ ဒီအမှုဟာ လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​က ကွင်းဆက်​လူသတ်​မှုနဲ့ ထပ်​တူကျ​နေတာ ​တွေ့ခဲ့ရပါတယ်​။လွန်​ခဲ့တဲ့နှစ်​သုံးဆယ်​က လူသတ်​တရားခံကို မဖမ်းနိုင်​ခဲ့လို့ ယူကြုံးမရဖြစ်​​နေတဲ့ ဘတ်​​ဖျောင်းဒယ်​တစ်​​ယောက်​ ထိုရပ်​ကွက်​ထဲ ​မကြာခင်​က​ပြောင်းလာတဲ့ နာဂျွန်​ဟွတ်​ဆိုတဲ့ ​စေတနာဆရာဝန်​တစ်​ဦးကို​တွေ့တဲ့အခါ သူဟာလူသတ်​သမားပဲလို့ ...
movie

The Chase (2017)

2017