Channel Myanmar

Bai Yufan

The Shop Of The Lamp ( 2024 )
The Shop Of The Lamp ( 2024 ) သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်...ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ...
movie

The Shop Of The Lamp ( 2024 )

Tale of the Night ( 2023 ) 5.6
Tale of the Night ( 2023 ) အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ ...
movie

Tale of the Night ( 2023 )

Moneyboys (2021) 6.4
Moneyboys (2021) Moneyboys (2021)~ IMDb - 6.4/10, Rotten Tomatoes - 92% ~C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ...
movie

Moneyboys (2021)

2021