Channel Myanmar

Ban Jiajia

Days of Our Own ( 2016 ) 6.1
Days of Our Own ( 2016 ) ဒီကား​လေးဟာImdb 6.1ရရှိထားပြီး တရုတ်နိုင်ငံမှာ​​အရမ်းကိုလူသိများ​ကျော်​ကြားခဲ့တဲ့ဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​..ဒီကားမှာဒီနှစ်​ပိုင်းအတွင်း တရုတ်​ပြည်​ရဲ့ Top10အလှဘုရင်​မတစ်​ဦးဖြစ်​လာခဲ့တဲ့ ​ကျောက်​လိရင်​ပါဝင်​သရုပ်​​ဆောင်​ထားပြီးလှပ​ချော​မောပြီးချစ်​စရာ​ကောင်းလွန်းတဲ့​ကောင်​မ​လေးသုံး​ယောက်​ရဲ့တက္ကသိုလ်​တက်​ချိန်​မှစလို့၁၀နှစ်​တာကာလအတွင်းအမျိုးမျိုးအဖုံဖုံ​ပြောင်းလဲမှု​တွေ..အခက်​အခဲမျိုးစုံရင်​ဆိုင်​​ကျော်​ဖြတ်​ရင်းအိပ်​မက်​ဆီအ​ရောက်​လှမ်းကြပုံကိုကြည့်​ရှုရမှာဖြစ်​ပါတယ်​...လူတိုင်းကို​ပျော်​​စေတတ်​ပြီး အနစ်​နာခံတတ်​လွန်းတဲ့ ကျန်းကျင်းရီ..စန္ဒရားနတ်​ဘုရားမ​လေးလို့တင်​စားခံရတဲ့ချိန်​ယိ​လော့..သရုပ်​​ဆောင်​တာဝါသနာပါလွန်းတဲ့ လျန်​​ရှောင်​ယိတို့ဟာတက္ကသိုလ်​မှာဆိုးတူ​ကောင်းဖက်​ သူငယ်​ချင်းသုံး​ဖော်​ဖြစ်​လာခဲ့ပါတယ်​....ဒီလိုနဲ့ ကျန်းကျင်းရီနဲ့ချိန်​ယိ​လော့တို့ဟာ ​ကောယွီချိန်​ဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ကို တစ်​ပြိုင်​တည်းကြိုက်​မိတဲ့အခါသူတို့သူငယ်​ချင်း​တွေကြားမှာ ဘယ်​လိုရိုက်​ခတ်​မှု​တွေဖြစ်​လာမလဲ...ဘဝမှာအိပ်​မက်​ဆီသို့​လျှောက်​လှမ်းရင်း အခက်​အခဲ​ကြုံရပုံ​တွေ...ဘဝခရီးလမ်းမှာလက်​​တွေ့​လျှောက်​လှမ်းရတဲ့အခါ လက်​​တွေ့ဆန်​ပုံ​တွေ...တစ်​ဖြည်းဖြည်း​ပြောင်းလဲလာရပုံ​တွေကို စိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​...အချစ်​..အလွမ်း..သူငယ်​ချင်းသံ​ယောဇဉ်​..ဘဝဒသန​တွေကိုရသမျိုးစုံခံစားရမှာဖြစ်​လို့လက်​မလွတ်​သင့်​တဲ့ဇာတ်​ကားတစ်​ပုဒ်​ပါပဲ Translated & Review By Phyo ZawEncoded By LK
movie

Days of Our Own ( 2016 )

2016