Channel Myanmar

Bárbara Colen

Fogaréu (2022) 7
Fogaréu (2022) Fogaréu (2022)~ IMDb rating - 7/10 ~ဘရာဇီးနိုင်ငံ အလယ်ပိုင်းကမြို့လေးတစ်ခုရဲ့ နှစ်စဉ်ကျင်းပတဲ့ ရိုးရာစီတန်းပွဲလုပ်နေချိန်မှာ ဖာနန်ဒါဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်ရှိလာပါတယ်။ သူမက မြို့တော်၀န်ရဲ့တူမဖြစ်ပြီး သူ့မိဘတွေ အကြောင်းသိချင်လို့ ရောက်လာတာဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ ထူးဆန်းတဲ့အချက်ကတော့ မြို့ခံတွေဟာ သူတို့ဆွေမျိုး၀မ်းကွဲတွေ အချင်းချင်းပြန်လက်ထပ်ကြတာပါ။ မြို့ထဲမှာလည်း မသန်မစွမ်းတွေ ရူးနေတဲ့လူတွေ ပြည့်နေတာပါ။မွေးကင်းစကလေးတွေ မသန်မစွမ်းဖြစ်နေရင် မိဘတွေက စွန့်ပစ်လိုက်ကြပါတယ်။ မြို့ခံတွေက အဲဒီကလေးတွေကို မွေးစားပါတယ်။ အမှန်တကယ်က မွေးစားတာထက် ကျွန်တစ်ယောက်လို ခိုင်းတော့တာပါ။ ဖာနန်ဒါက သူ့ဆုံးသွားတဲ့အမေအကြောင်းစုံစမ်းရင်း ဒါတွေကိုသိလာတာပေါ့။ ဦးလေးဖြစ်သူ မြို့တော်၀န်အိမ်မှာလည်း မွေးစားထားတဲ့ ကျွန်တွေရှိနေပါတယ်။ သူတို့မိသားစုကလည်း အကုန်လုံးနီးပါး ၀မ်းကွဲချင်းလက်ထပ်ထားသူတွေပါ။ ဖာနန်ဒါရောက်လာတဲ့ အကြောင်းရင်းက သူ့မိဘရင်းတွေဘယ်သူတွေလဲဆိုတာသိချင်လို့ပါ။ သူ့အမေက အမေရင်းမဟုတ်ဘဲ မိသားစုရန်ကနေသူ့ကိုကာကွယ်ဖို့ ခေါ်ပြီးထွက်ပြေးလာဝာာကို သိနေပါတယ်။ ဦးလေးကတော့ သူ့ကို ဘာမှသေချာမပြောပြပါဘူး။ဦးလေးမြို့တော်၀န်နဲ့ သူ့သားကတော့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့လုံးပန်းနေကြတာပါ။ ...
movie

Fogaréu (2022)

2022
Bacurau (2019) 8.1
Bacurau (2019) ဒီကား​လေးက​တော့ ဘရာဇီးလူမျိုး​တွေကိုအ​​ခြေခံပြီးရိုက်ကူးထားတဲ့ စိတ်ကူးယဥ်ဆန်ဆန်ဒရမ်မာအက်ရှင်ကား​လေးတစ်ကားပါ ထ​ရစ်ဇာက သူမအဖွား​သေဆုံးသွားတဲ့အတွက်ဘာကူယာရွာ​လေးကို​ရောက်လာခဲ့တယ် သူမအဖွားစျာပနာအခမ်းအနားကိုတက်​ရောက်ဖို့​ပေါ့ ဇာတ်ကားထဲမှာ​တော့ ဘာကူယာလို့​ခေါ်တဲ့ ​ ကျေးရွာ​လေးက ဘရာဇီးမှာရှိတယ်လို့စိတ်ကူးယဥ်ပုံ​ဖော်ထားတဲ့ရွာ​လေးတစ်ရွာ​ပေါ့ ဘာကူယာရွာ​လေးမှာ သေ​ရေးရှင်​ရေးအခက်အခဲ​တွေရှိ​နေတယ် ​ထောက်ပံ့မှုတွေလည်းနည်းလာခဲ့တယ် ​နောက်ပြီးဖုန်းလိုင်း​တွေလည်းမမိ​တော့ဘူးဖြစ်ခဲ့တယ် အကျင့်ပျက်ခြစား​နေတဲ့အစိုးရကလည်း ရွာ​လေးကို ပစ်ပယ်ခဲ့တယ် ဘာကူယာရွာ​လေးဟာ ​မြေပုံထဲက​နေ​ဖျောက်ဖျက်ခံလိုက်ရတယ် ​ နောက်ပိုင်းမှာရွာ​လေးဟာဘယ်လိုအဖြစ်ဆိုး​တွေနဲ့ကြုံ​တွေ့ခဲ့လဲ ရွာမှာရှိတဲ့နယ်ခံ​တွေက​​ရောဒီအဖြစ်ဆိုး​တွေက​နေဘယ်လို​​ဖြေရှင်းကြမလဲဆိုတာကို ပ​ဟေဠိဆန်ဆန်ကြည့်ရှု့ရမှာပါ File Size : ( 1 GB , 459 MB ) Quality :  WEB-DL 720G Running Time : 2 hr 11 min Format : Mp4 Genre : Action , Mystery , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Lei Encoded by ...
movie

Bacurau (2019)

2019