Channel Myanmar

Barun Chanda

Trial Period (2023) 7.1
Trial Period (2023) Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry
movie

Trial Period (2023)

Mrs. Chatterjee Vs Norway (2023) 7.5
Mrs. Chatterjee Vs Norway (2023) Mrs Chatterjee Vs NorwayIMDb-7.4/10 Rotten Tomatoes-15%ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီး‌မောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ်အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ‌ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ်လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai
movie

Mrs. Chatterjee Vs Norway (2023)

Chor Nikal Ke Bhaga(2023) 7.5
Chor Nikal Ke Bhaga(2023) Chor Nikal Ke Bhanga(2023) *****************************************IMDb-8/10Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ဇာတ်လမ်းအကျဉ်းသက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San
movie

Chor Nikal Ke Bhaga(2023)

2023
Roy 2015-မြန်မာစာတန်းထိုး 3.3
Roy 2015-မြန်မာစာတန်းထိုး ဒီနေ့မှာ Channel Myanmar ပရိတ်သက်များအတွက် အိန္ဒိယအက်ရှင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ကို တင်ပေးချင်ပါတယ်။ 12 February 2015 မှာထွက်ရှိထားပြီးအိန္ဒိယအက်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက်ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါ။ရုပ်ရှင် ဒါရိုက်တာ ကာဘီ ဟာ သူခိုးဓါးပြတွေရဲ့အကြောင်းကို အခြေခံထားတဲ့ Gun Triology ဆိုတဲ့အခန်းဆက်ရုပ်ရှင်အများအပြားရိုက်ကူးပါတယ်။သူ့ရဲ့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေအကုန်လုံးဟာလည်း အောင်မြင်ကြတာချည်းပါပဲ။သူ့ရဲ့ ရုပ်ရှင် ၃ပိုင်းမြောက်ကို ရိုက်ကူးဖို့ မလေးရှားကိုသွားတဲ့အခါမှာ လန်ဒန်က ဒါရိုက်တာမလေး အေးရှာ နဲ့တွေ့ဆုံမိပါတယ်။ကာဘီနဲ့ အေးရှာ လဲ ခင်မင်သွားပြီး မကြာခင် ချစ်သူတွေဖြစ်သွားကြတယ်။အေးရှာက ကာဘီရဲ့ သဘောထားတွေကို သိလာတဲ့အခါမှာလမ်းခွဲခဲ့ပြီးတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။အငြင်းခံရလို့ စိတ်ဓါတ်ကျနေတဲ့ ကာဘီလဲ ရုပ်ရှင်ကိုဆက်မရိုက်နိုင်တော့ဘဲ မွန်ဘိုင်းကိုပြန်လာခဲ့တယ်။ နောက်ပိုင်းအကြိမ်ကြိမ်ပြန်ရိုက်ကူးခဲ့ပေမဲ့ ကာဘီဟာသူရဲ့ ရုပ်ရှင်အထွတ်အထိပ်ကိုစိတ်ကျေနပ်မှုမ ရရှိသေးပါဘူး။ဒါနဲ့ပဲ သူ့လက်ထောက် မီးရာရဲ့ အကြံအရ အေးရှာရဲ့ ရုပ်ရှင်ပြသတဲ့ရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။အေးရှာ ကတော့ ကာဘီဟာ သူမနောက်ကို လိုက်နေတယ်လို့ထင်ပြီးသူ့မ ဘဝထဲက ...
movie

Roy 2015-မြန်မာစာတန်းထိုး

2015