Channel Myanmar

Belén Rueda

Sara’s Notebook (2018) 6.2
Sara’s Notebook (2018) Sara’s Notebook ဆိုတဲ့ဇာတ်လမ်းကတော့ အာဖရိက မှာ ရိုက်ထားတဲ့ စပိန် Adventure/Thriller ကားအမျိုးအစားဖြစ်ပါတယ်။Rating 6.2 ရထားပြီး သည်းထိပ်ရင်ဖိုဖွယ်ကြည့်ရမယ့်ကားလေးပါ။ဇာတ်လမ်းကတော့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ Laura ဟာ နှစ်နှစ်လောက်ပျောက်သွားခဲ့တဲ့ သူ့ရဲ့ညီမ Sara ကိစ္စနဲ့ အာဖရိကကိုသွားခဲ့ပါတယ်။ဒါပေမဲ့ အာဖရိကကိုရောက်လို့ Laura ဟာ သူ့ညီမ Sara ရဲ့ မှတ်စုစာအုပ်ကို တွေ့ပြီးတဲ့အခါမှာတော့ ပျောက်နေခဲ့တဲ့ သူ့ညီမကို ရှာဖို့ စိတ်အားထက်သန်ခဲ့ပါတော့တယ်။ဒါပေမဲ့ သူ့ညီမကို သွားရှာရမယ့် နေရာက ကမ္ဘာ့အန္တာရာယ် အများဆုံးနေရာဖြစ်တဲ့ အာဖရိက သူပုန်စစ်တပ်တွေ ပိုင်တဲ့ ရွှေနက်မိုင်းတွင်းတွေတူးတဲ့နေရာကိုသွားရမှာဖြစ်ပါတယ်။Laura ကရော ဒီလို ဝေးလံပြီး အန္တာရာယ်များတဲ့ နေရာကို ဘယ်လို စွန့်စားပြီးသွားရမလဲဘယ်လို အသက်အန္တာရာယ်တွေနဲ့ကြုံတွေ့ရမလဲ။သူ့ညီမ Sara ကရော ဒီလို သူပုန်စစ်တပ်တွေနေတဲ့ နေရာမှာ အသက်ရောရှင်သေးရဲ့လားဆိုတာကို ဇာတ်လမ်းအဆုံးထိ ရင်တစ်မမ နဲ့ ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star  ...
movie

Sara’s Notebook (2018)

2018
Perfect Strangers (2017) 7.2
Perfect Strangers (2017) ဒီတစ်ခါမှာတော့ Channel myanmar ပရိတ်သတ်ကြီးအတွက် Perfected Stranger ဆိုတဲ့ အီတလီ-စပိန်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ တွေ့နေမြင်နေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ပုံစံနဲ့ရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားတစ်ကားလုံးနီးပါးကို Dinnerဝိုင်းလေးတစ်ခုမှာပဲ ရိုက်ကူးသွားလို့ပါ။Dinnerဝိုင်းလေးတစ်ခုမှာပဲ ဇာတ်လမ်းပြီးသွားတယ်ဆိုလို့ ပျင်းစရာကောင်းမယ်မထင်လိုက်ပါနဲ့၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းလေးပါ။Ratingလည်း 7.8 လောက်ထိရထားတဲ့ ဇာတ်ကားကောင်းပါ။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ လကြတ်တဲ့ညတစ်ညမှာ ဆွေမျိုးတွေတစ်စုဟာစုပြီးDinnerအတူတူစားကြပါတယ်။ ( ယနေ့ခေတ် ဟန်းဖုန်းတွေမှိုလိုပေါလာတဲ့အခါမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင်တောင် ရင်းရင်းနှီးနှီးစကားမပြောကြတော့ဘဲ ဖုန်းပဲသုံးနေတတ်ကြပါတယ်။)ဒီလိုပါပဲ ဒီဇာတ်ကားလေးထဲမှာတော့ Dinnerဝိုင်းမှာအဲ့ကိစ္စကိုရှောင်ရှားနိုင်ဖို့ ဂိမ်းလေးတစ်ခုကို ကစားခဲ့ကြပါတယ်။အဲ့ဂိမ်းကတော့...ဖုန်းတွေအားလုံးကို Dinnerဝိုင်းရဲ့အလယ်ထဲမှာချထားပြီး ဝင်လာသမျှဖုန်း callတွေ၊ message၊ emailတွေကို အားလုံးသိအောင်ဖတ်ပြရပါတယ်။အဲ့မှာပြသာနေတွေစတက်ပါတော့တယ်။ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ အငယ်အနှောင်းထားတာတွေ အားလုံးက အဲ့မှာပေါ်ကုန်ပါတယ်။Dinner ဝိုင်းမှာရှိနေတဲ့လူတွေအားလုံးကလည်း လှိူ ့ဝှက်ချက်ကိုယ်စီနဲ့လူတွေဆိုတော့ အဲ့မှာတင်အကုန်ပေါ်ပြီး ဇာတ်ရှုပ်ပါတော့တယ်။ဖုန်းတွေ၊ messageတွေဝင်လာလေ၊ ဇာတ်လမ်းပိုရှုပ်ထွေးလာလေ၊စိတ်ဝင်စားဖို့ကောင်းလာလေနဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်ပတ် လိမ်ညာကြရင်းနဲ့ ပြသာနာတွေ တက်ကုန်ပါတော့တယ်။ဒီရှုပ်ထွေးကွေံကောက်မှုတွေနဲ့ဇာတ်လမ်း အဆုံးသတ်မှာဘယ်လိုဖြစ်သွားမလဲ၊ပြသာနာတွေတစ်သီတစ်တန်းကြီးနဲ့ပြီးဆုံးသွားမလား၊ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာဆက်လက်ခံစားကြည့်ရှု့လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရဲရင့်ပါ) File Size ...
movie

Perfect Strangers (2017)

2017
Julia’s Eyes (2010) 6.7
Julia’s Eyes (2010) မျက်စိကန်းနေတဲ့သူတစ်ယောက်က သူသေဖို့လမ်းစကိုသူကိုယ်တိုင်ရှာဖွေလို့ရတယ်ဆိုရင်ယုံရခက်ရမလားပါပဲ... အဲဒီလိုစဉ်းစားရအောင်လည်းဒီကားမှာ မျက်စိကွယ်နေတဲ့''ဆာရာ''ဆိုတဲ့အမျိုးသမီးကသူ့ကိုယ်သူသတ်သေတဲ့ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအစပျိုးထားပါတယ်.... တစ်ကယ်ရောသူကိုယ့်ကိုသတ်သေတာဟုတ်ရဲ့လား....စိတ်ဝင်စားစရာတစ်ခုကတော့ သူသေတဲ့အချိန်မှာ သူ့အိမ်တွင်းပတ်ဝန်းကျင်မှာ အမှောင်ရိပ်ကိုအသားယူပြီးပုန်းခိုနေတဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်... ဒါဆို..ဒါဟာလူသတ်မှု့လား ကိုယ့်ကိုကိုယ်သတ်သေတာပဲလား...အဲဒီလိုမရိုးစင်းတဲ့မေးခွန်းတွေနဲ့အတူစဉ်းစားရကြပ်နေသူကတော့''ဆာရာ့''ရဲ့အမွှာညီမ ဂျူလီယာပါပဲ.....ဂျူလီယာတစ်ယောက် သူ့အမရဲ့အမှုကိုရှာပုံတော်ဖွင့်ရပါတော့မယ်...ဒီမှာတစ်ခုပြောချင်တာက ဂျူလီယာဟာသူ့အမရဲ့ရောဂါမျိုးရှိနေပါတယ်... မျက်စိအာရုံကြောနဲ့ပက်သတ်ပြီးတော့ပါ...ဒီတော့သူတစ်ခုသိလိုက်ရတာက မကြာခင်မျက်စိကွယ်တော့ဆိုတာပါပဲ...ဒီတော့ဂျူလီယာတစ်ယောက် ''ဒုက္ခဝေဆာတဲ့ပင်လယ်ကြီးကိုဖြတ်ကျော်နိုင်ပါ့မလား''...မျက်စိကန်းနေလျက်နဲ့ သူရည်ရွယ်ထားတဲ့သူအမရဲ့ကိစ္စကိုဆောင်ရွက်နိုင်ဦးမှာလား... ''ဟုတ်ပါတယ်..မေးခွန်းများစွာနဲ့စိတ်ဝင်စားဖို့ကောင်းနေပါတယ်'' ဒီကားရဲ့အဓိကအကြောင်းအရာကတော့ ''အနီးဆုံးရန်သူကိုမကြွေတာကောင်းပါတယ်'' အဲဒီအချက်လေးကတော့ ဇာတ်လမ်းပေါ်အတော်ကြီးသက်ရောက်မှုရှိထားတာမို့ ဒီလောက်နဲ့အညွန်းကိုတစ်ခန်းရပ်ခွင့်ပြုပါ..ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ John La Yaung ပဲဖြစ်ပါတယ်... File size…(1.0GB,476.8MB) Quality…Blu-Ray Rip 1080p Format…mp4 Duration….01:57:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint LwinDownload with Pcloud Download with Pcloud(Small Size) Download with Openload Download with syncoplicity Download with Mega
movie

Julia’s Eyes (2010)

2010