Channel Myanmar

Betsy Palmer

Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982
Friday the 13th Part 2 (1981) 6.1
Friday the 13th Part 2 (1981) Friday the 13th Part 2 (1981)ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား... သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား... မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ...
movie

Friday the 13th Part 2 (1981)

1981
Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980