Channel Myanmar

Bianca Bree

Welcome to the Jungle (2013) 5.5
Welcome to the Jungle (2013)  တစ်ချိန်တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ Adventure , Comedy ကားဟောင်းလေးကို ပြန်ခံစားကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက (၂၀၁၃) ခုနှစ်ကထွကခဲ့တာ အခုဆိုရင် (၁၀)နှစ်ပြည့်ခါနီးနေပြီဆိုတော့ တော်တော်လေးကြာပြီလို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကုမ္ပဏီတွင်းအသင်းဖွဲ့နဲ့လုပ်ကိုင်တတ်အောင်လို့ ကျွန်းတစ်ကျွန်းပေါ်ခရီးထွက်လာခဲ့ကြရတဲ့ ကုမ္ပဏီအဖွဲ့သားတွေရဲ့ခရီးစဉ်က မထင်မှတ်တာတွေဖြစ်ပြီး ကျွန်းပေါ်မှာသောင်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုသောင်တင်နေတဲ့အဖွဲ့သားတွေကို အများကငကြောက် ငကြောင်လို့မှတ်ယူနေတဲ့ Chrisကကယ်တင်မလား...Chris ဆီကအိုင်ဒီယာကိုခိုးသွားတဲ့ အထက်လူကြီးPhilကပဲ ဦးဆောင်မလား..ကျွန်းပေါ်မှာ သူတို့ဘယ်လို ရှင်သန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရမယ့် ဟာသအက်ရှင်စွန့်စားခန်းဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Chit Tee ပါ )File Size__(1.6GB) / (900MB) Quality__Bluray_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Welcome to the Jungle (2013)

6 Bullets (2012) 6.0
6 Bullets (2012) မင်းသားကြီးဗန်ဒိန်းရဲ့ ၂၀၁၂ကထွက်ခဲ့တဲ့ အက်ရှင်ကား​ဟောင်း တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb မှာ 6 ရထားပြီးငယ်ငယ်ကထဲက ကြိုက်ခဲ့ရတဲ မင်းသားကြီးရဲ့ မပျက်စီး​သေးတဲ့ အက်ရှင်​တွေကို မြင်​တွေ့ရဦးမှာပါ။ဆမ်ဆန်​​ဂေါလ်က ​ကြေးစားစစ်သား​ဟောင်းဖြစ်ပြီး အနားယူချိန် အလွတ်စုံ​ထောက်အ​နေနဲ့ လူကုန်ကူးမှု​တွေကို အဓိကလိုက်​နေတဲ့ သူပါ၊ ဒါ​ပေမဲ့ သူရဲ့ သတိလက်လွတ်လုပ်လိုက်မိတဲ့ မ​တော်တဆတစ်ခု​​ကြောင့် က​လေးမ​လေး ၂​ယောက် ​​သေရပြီး​နောက် အပြစ်ရှိတဲ့စိတ်နဲ့ အလွတ်စုံ​ထောက်ဘဝကပါနားကာ အသား​ရောင်းသူအဖြစ် ဇာတ်မြုပ်​နေထိုင်ခဲ့ပါတယ်။တစ်​နေ့မှာ အ​မေရိကန် MMAဖိုက်တာ ချန်ပီယံ​ဟောင်း အန်ဒရူး ​​ဖေဒန်နဲ့မိသားစုဟာ တ​ကျော့ပြန် ထိုးသတ်ပွဲအတွက် ​ဆွေး​နွေးဖို့ ​ဆမ်ဆန်​​ဂေါလ်​နေတဲ့ ​မော်ဒိုဗာနိုင်ငံကို ရောက်လာပါတယ်၊ သူတို့ ​ရောက်ပြီး မကြာခင်မှာ သမီးဖြစ်သူ ဘက်ကီ​ဖေဒန် ရုတ်တရက် ပျောက်ဆုံးသွားပါတယ်၊ ရဲတပ်ဖွဲ့နဲ့ အ​မေရိကန်သံရုံးအထိ သူရဲ့ ​ပျောက်ဆုံးမှုကို အပူတပြင်းစုံစမ်းခဲ့​ပေမယ့် မထူးခြားတဲ့အဆုံး အနားယူ​နေတဲ့ ဆမ်ဆန်​​ဂေါလ်ဆီ ​ရောက်လာခဲ့ပါတယ်၊ ဒီလိုနဲ့ပဲ ​ကြေးစားစစ်သား​ဟောင်းကြီးဟာ ​က​လေးမ​လေးကို လိုက်ရှာဖို့အ​ကြောင်းပါလာပြန်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim ...
movie

6 Bullets (2012)