Channel Myanmar

Bilal Hossein

Wild Dog(2021) 6.1
Wild Dog(2021) Wild Dog (2021) =====================imdb 6.1/2.4kနာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ.....ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်....ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Wild Dog(2021)

2021
The Ghost (2022) 6.6
The Ghost (2022) The Ghost (2022)အခုတစ်ခါမှာတော့ တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီရဲ့ Action/Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်မင်းသမီးချောလေး ဆိုနလ်ချောင်ဟန်ပါဝင်အားဖြည့်ပေးထားပါတယ်...ဗစ်ကရမ်နဲ့ ပရီယားတို့ဟာ ဒူဘိုင်းမှာ တာဝန်ကျနေတဲ့ အင်တာပိုလ်အရာရှိနှစ်ယောက်ပါ.. ချစ်သူရည်းစားတွေလည်း ဖြစ်ကြသေးတယ်...ဗစ်ကရမ်က သူ့ဒေါသကို မထိန်းနိုင်ခဲ့ဘူး...ဘာမဆိုခံစားချက်ကို ဦးစားပေးလုပ်တတ်ပြီး ပေါက်ကွဲလွယ်တတ်တယ်ပေါ့ ဒီလိုဖြစ်ရခြင်းကလည်း သူ့အတိတ်က ဖြစ်ရပ်ဆိုးကြီးကြောင့်ပါ...သူတို့နှစ်ဦး တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း လွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒီလွဲချော်မှုလေးတစ်ခုကနေ စတင်ပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး ဗစ်ကရမ်ရဲ့စိတ်အာရုံထဲမှာ ဒုစရိုက်လောကကို အမြစ်လှန်ဖို့ဆိုရင် ဒီဒုစရိုက်လောကကြီး မရှိတော့မှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားလိုက်ပါတယ်...ဒီလိုနဲ့ ဒီကိစ္စကို စတင်အကောင်အထည်ဖေါ်နေတုန်းမှာပဲ သူ့မိသားစုဟာ အန္တရာယ်နဲ့ ကြုံလာရပြီး အသက်ကိုခြိမ်းခြောက်ခံလာရပါတော့တယ်...ကဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော်...IMDb ကလည်း 6.7/10 အထိ ရရှိထားတာဆိုတော့ ကြည့်ကောင်းတဲ့ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…2.5GB / 1.2GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~ Yunni
movie

The Ghost (2022)

2022