Channel Myanmar

Bo Sun

Escaping The Madhouse ( 2024 ) 5.7
Escaping The Madhouse ( 2024 ) ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကို Escaping the Madhouse ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ယွင်ယင်မြို့ပေါ်မှာ လူတွေအများကြီးအဆိပ်မိသေဆုံးကုန်ကြတယ်။ ထောင်ရန်ဆိုတဲ့ လူငယ်စာဂျပိုးလေးကတော့ ဒီအဆိပ်ကိုဘယ်လိုဖြေရမလဲဦးနှောက်ခြောက်ခေါင်းစားနေတဲ့ ရေသူမျိုးနွယ်ဖြစ်တဲ့ ဝမ်အာမိန်းကလေးနဲ့တွေ့ဆုံတယ်။ဝမ်အာတို့ရေသူမျိုးနွယ်တွေကတော့ ကုန်းပေါ်မှာ ယွင်ယင်မြို့သားတွေကငါးလေးတွေကို မဆင်မခြင်လောဘတရားနဲ့ သတ်ဖြတ်နေမှုကြောင့် လက်စားချေဖို့အတွက် ကုန်းပေါ်တက်လာခဲ့တာဖြစ်တယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ရှီသခင်မဆီမှာ အိပ်မက်ဝိဉာဉ်ပုလွေလက်နက်တစ်ပါးရှိပြီး အိပ်မက်သမားတော်မျိုးနွယ်ကပဲ ဒီပုလွေကိုသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ရဲ့အမွေဆက်ခံသူ လိုက်လံရှာဖွေဖို့အတွက်လည်း ကုန်းပေါ်တက်လာခဲ့တယ်။ဒီလိုနဲ့ ဒီမျိုးနွယ်ရဲ့မျိုးရိုးဆက်ခံသူက ဘယ်သူများဖြစ်မလဲ။ ဝမ်အာနဲ့ဒီထောင်ရန်သမားတော်လေးနဲ့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ။ မြို့ပေါ်ကအဆိပ်မိနေတဲ့ပြည်သူတွေကော ဘယ်လိုဖြေဆေးရသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကနေ ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Escaping The Madhouse ( 2024 )