Channel Myanmar

Bob Yin-Pok Cheung

The Lingering (2018) 5.0
The Lingering (2018) ကဲနောက်ထပ် သရဲကားလေးတစ်ကား ဘာသာပြန်ပေးလိုက်ပါတယ် ဒီတရုတ်သရဲကားကိုကြည့်ရဲတဲ့ကောင်လဲ အကောင်ပဲ ငစ်ငစ် ဘာကောင်လဲဆို စိတ်ခိုင်တဲ့ကောင် အင်မတန်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးကို သူ့ဟာနဲ့ သူလိုအပ်ချက်လေးတွေရှိပေမယ့် ရင်ထဲထိအောင်ရိုက်ပြသွားပါတယ် တရုတ်တွေလဲ မဆိုးဘူး တော်တော်တိုးတက်လာပြီ (YBS ပေါ်မဟုတ်ပါ) :3 ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာမှသိပ်ပြောစရာမရှိဘူး တရုတ်ပြည် ကချို့တဲ့တဲ့ ရွာငယ်လေးတစ်ရွာမှာ မိသားစုတစ်စုရှိတယ် အဖေရယ်အမေရယ် သားလေးရယ်နဲ့ သုံးယောက်တစ်အိမ်ထောင် လေးပေါ့ ဖေကြီးက သစ်စက်တစ်ခုမှာအလုပ်လုပ်နေတဲ့ အလုပ်ကြမ်းသမားပေါ့ လောကဓံရဲ့ဆိုးယုတ်မှုတွေက လူချမ်းသာ သူဆင်းရဲမရွေးပါ မိသားစု စုံစုံလင်လင် သိုက်သိုက်မြိုက်မြိုက်လေး ဘိုးဘွားတွေကိုကန်တော့မယ့် တရုတ်နှစ်သစ်ကူးအကြိုနေ့မှာ သားလေးနဲ့ အမေကြီး မျှော်တလင့်လင့်စောင့်နေရှာတဲ့ အိမ်ဦးနတ်ကြီးပြန်မရောက်လာခဲ့ပါဘူး အဲ့နောက်ပိုင်း သူတို့မိသားစုလေး ဘယ်လို ဘယ်ပုံခရီးဆက်သလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ပါ ဒီကားမှာ ပါတဲ့ သရဲခြောက်မှုလေးတွေကလဲ အတော်ဆန်းကြယ်လာပါတယ် တချို့နေရာ လေးတွေ သုံးသွားတဲ့ jumpscare အရမ်းကောင်းတယ် ဒါပေမယ့် တချို့နေရာ တွေကျ ယုတ္တမရှိတာ မလိုအပ်တာ အားနည်းတာလေးတွေ တွေ့ရပါတယ် လိုအပ်ချက်တွေပါနေပေမယ့် Drama နဲ့ Horror ပေါင်းစပ်ထားတဲ့ အရောနှောလေးက ကြည့်ပြီးတာနဲ့ message တစ်ခုကောင်းကောင်းရလိုက်မှာ အသေချာပါပဲ ဒီကားဟာသရဲကားကြီးပဲမဟုတ်ပါဘူး Drama ပိုင်းလေးလဲပါပါတယ် အဲ့ဒါတော့ spoil သလိုဖြစ်သွားမှာစိုးလို့မပြောတော့ဘူး ပုံမှန်ကြည့်နေကြ တရုတ်သရဲကားမျိုးမဟုတ်ပဲ ဇာတ်ညွှန်းဆရာပေး ချင်တဲ့ message သူပေးချင်တဲ့ ရသကို ရုပ်လုံးရုပ်ထည် အပီပြင်ဆုံးမဟုတ်တောင် ခံစားလို့ကောင်း မယ့် ကြည့်ရှုသူရင်ထဲရောက်မယ့် ကားလေး ဆိုတော့ ကိုယ်တိုင်ကြည့်ပြီးတာနဲ့ ကောင်းလိုက်လေခြင်းဘာညာဖြစ်သွားမှာပါ   ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင် ရေးပေးထားပါတယ်
movie

The Lingering (2018)

2018