Channel Myanmar

Boogie Wang

Lose To Win ( 2023 ) 5.8
Lose To Win ( 2023 ) ဒီဇာတ်ကားလေးကတော့ teamwork နဲ့ ယှဉ်ပြိုင်လိုစိတ် ၊ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် အစရှိတဲ့ message တွေပေးသွားပြီးတော့ ရယ်စရာဟာသလေးတွေနဲ့ပါ တစ်ပါတည်းကြည့်ရမဲ့ ဟာသကားကြိုက်တတ်တဲ့ ပရိသတ်ကြီး‌တွေ အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။‌ဘတ်စကတ်ဘောအားကစားကိုအရမ်းရူးသွပ်ပြီး ပွဲတိုင်းအနိုင်လိုချင်တဲ့ နည်းပြဝေ့ကော်ကျိမ့်ဟာ သူ့ကျောင်းက ဘတ်စကတ်ဘောအသင်းကို ၇နှစ်ဆက်တိုက်ဘယ်သူမှအနိုင်မပိုင်းနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ပြိုင်ဘက်အသင်းက နိုင်ငံခြားသားတွေကိုငှားလာပြီး ပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာ နည်းပြဝေ့တို့အသင်းရဲ့ ၇နှစ်အရှုံးမရှိမှတ်တမ်းကို ချိုး‌ဖျက်တော့မလိုအခြေအနေဖြစ်လာခဲ့ပါတယ် ။နည်းပြဝေ့တစ်ယောက် နိုင်ချင်ဇောကြီးပြီး ကမူးရှူးထိုးတွေထလုပ်ချိန်မှာတော့ ရန်တွေဖြစ်ကြပါတော့တယ် ။ သူအဲလိုလုပ်လိုက်တဲ့အခါမှာ ၇နှစ်မှတ်တမ်းကိုထိန်းသိမ်းနိုင်လိုက်ပေမဲ့ တစ်ဖက်မှာလည်း အဖွဲ့အစည်းကနေ သူ့ကိုယာယီရာထူးရပ်ဆိုင်းပြီး ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ ချို့တဲ့တဲ့ ပရဟိတမိသားစုအဖွဲ့အစည်းဆီကို ဘတ်စ‌ကတ်‌ေဘာနည်းပြလုပ်ပေးဖို့လွှတ်လိုက်ချိန်မှာတော့ခေါင်းဆောင်ဝေ့တစ်ယောက် ပြောဆိုဆက်ဆံရခက်တဲ့ လူတစ်စုနဲ့ ဘယ်လိုဆက်ပြီး ရှေ့ဆက်လဲ ? သူလိုချင်နေတဲ့ အနိုင်ပွဲတွေကရော ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့လူတစ်စုနဲ့ဆို ရ‌နိုင်ပါအုံးမလားဆိုတာကို... ပျော်ပျော်ရွှင်ရွှင်နဲ့ မပျင်းရအောင်ကြည့်ရမှာဖြစ်လို့ ဟာသကားကြိုက်ပြီးဇာတ်အိမ်ခိုင်မှကြည့်တတ်တဲ့သူတွေအတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Lose To Win ( 2023 )

Who’s The Suspect ( 2023 ) 6.2
Who’s The Suspect ( 2023 ) ဘယ်တော့မှမရူံးနိမ့်ဖူးတဲ့ နာမည်ကြီးရှေ့နေ ချန်ကျစ်ချီဆိုတဲ့ အမျိုးသမီးမှာ (၈) နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် တစ်နေ့ကျတော့ တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ စွဲချက်တင်ထားရတဲ့ ဒန်နီရယ်ဆိုသူ သံသယရှိသူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း အမည်မသိလူတယောက်က ချန်ကျစ်ချီရဲ့ သမီးကို ပြန်ပေးဆွဲပြီး ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးဖို့ဖိအားပေးခဲ့တယ်။ဒီလိုနဲ့နာမည်ကြီး ရှေ့နေသမားချန်ကျစ်ချီတစ်ယောက် ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား။ အဲ့အမှုရဲ့ လူသတ်သမားကကောဘယ်သူလဲ။ ဘာကြောင့်သတ်ရတာလဲ..... မှုခင်းစုံထောက်လေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူအားပေးလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Crime Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Who’s The Suspect ( 2023 )

My Youth And I ( 2023 ) 5.9
My Youth And I ( 2023 ) Exo Lay ၊Wang Yibo ၊Zhou Yu Tongတို့အဓိကသရုပ်ဆောင်ထားပြီး နာမည်ကြီးသရုပ်ဆောင်ကောင်းတွေအများကြီးအားဖြည့်ပါဝင်ထားတဲ့ လူငယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အပိုင်း(၃)ပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက် ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာ ရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီး ဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီး ဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီး ဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင် အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့ တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့ နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

My Youth And I ( 2023 )