Channel Myanmar

Brían F. O'Byrne

Sergio(2020) 6.2
Sergio(2020) Sergio(2020)ဒီထဲကမင်းသားကြီးကိုတော့ Narcos ကြည့်သူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်...ဒီဇာတ်လမ်းကတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဆာဂျီရို ဒီ မဲလ်လိုအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပတ္တိဇာတ်လမ်းပဲဖြစ်ပါတယ် ...ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘရာဇီးလ်နိုင်ငံသား ဆာဂျီရိုဟာ သူ့ရဲ့ဇနီး ကုလသမဂ္ဂဝန်ထမ်း ကာရိုလီနာနဲ့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို စတင်တော့မယ့်အချိန်မှာပဲ အီရတ်ကို လေးလကြာတာဝန်နဲ့ စေလွတ်ခြင်းခံခဲ့ရပါတယ်..အီရတ်ရှိ ကုလသမဂ္ဂရုံးချုပ် ဗုံးပေါက်ခွဲခံရမှုနဲ့အတူ ဆာဂျီရိုဟာ အပျက်အစီးများအောက် ပိတ်မိသွားတဲ့အချိန်မှာတော့အရာအားလုံးပြောင်းလဲသွားပါတော့တယ် ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဒီဇာတ်လမ်းကတော့စစ်ရဲ့ ဆိုးကျိုးတွေကို ဒီဇာတ်လမ်းထဲမှာ သေချာသရုပ်ဖော်ထားတဲ့အပြင် စစ်ကို‌မုန်းသော်လည်း စစ်ပွဲကို တားဆီးဖို့ စစ်ပွဲကြားထဲရောက်နေရတဲ့ လူတစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို မျှော်လင့်နေရပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်...  File Size : (950 MB) and (340 MB) Quality : WEB-DL 720p Format…mp4 Duration…01:58:00 Genre :  Drama Subtitle : Myanmar Subtitle (Hard ...
movie

Sergio(2020)

Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie

Million Dollar Baby (2004)

2004