Channel Myanmar

Bront Palarae

Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Fly By Night (2019) 6.4
Fly By Night (2019) (Unicode) Crime/Action အမျိုးအစား မလေးရှားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb rating 6.3 ထိရထားပြီး ကြည့်ရတာစိတ်၀င်စားဖို့ကောင်းတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကရိုးရှင်းပေမယ့်ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ လေဆိပ်မှာခရီးကပြန်လာတဲ့ ခရီးသည်တွေကိုတက္ကစီငှားပေးရင်း ခရီးသည်တွေရဲ့ပုံစံအနေအထားကိုကြည့်ပြီးငွေညစ်တာတွေ ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။အဓိကဦးဆောင်သူကတော့ ဝါရင့်သဘာရင့်အရာရာကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းဖို့ကြိုးစားလေ့ရှိတဲ့ ကိုတရုတ်ကြီးဆိုတဲ့နာမည်ပြောင်နဲ့သူပဲဖြစ်ပါတယ်။ခက်တာက ခေါင်းဆောင်သူကဟုတ်သလောက် နောက်လိုက်နှစ်ယောက်က လူငယ်လည်းဖြစ်ဘာမှမတွေးမတောလုပ်ချင်ရာလုပ်တတ်တဲ့သူတွေဖြစ်လေတော့ တစ်နေ့မှာအရင်းအနှီးအကြီးကြီးပေးဆပ်ရမယ့်အချိန်ရောက်လာချိန်မှာသူတို့အဖွဲ့ပြေးလွတ်နိုင်ပါ့မလား။သူတို့အဖွဲ့သားအချင်းချင်းမှာ ဘယ်လိုစိတ်နေသဘောထားတွေရှိလဲ။ဘယ်လိုမိသားစုစိတ်ဓာတ်ထားသလဲဆိုတာတွေကိုတွေ့မြင်ရမှာပါ။ဇာတ်လမ်းတျောက်လျောက်ကြည့်ရင်းကြည့်ရင်း စိတ်၀င်စားစေမှာဖြစ်ပြီး review ကောင်းတွေလည်းရထားသလိုအဆုံးသတ်လေးကလည်းသို့လော သို့လောနဲ့ သိချင်စရာကောင်းတဲ့ မလေးရှား Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Thura Zarni Aung ပါ) (Zawgyi)Crime/Action အမ်ိဳးအစား မေလးရွားဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။IMDb rating 6.3 ထိရထားၿပီး ၾကည့္ရတာစိတ္၀င္စားဖို႔ေကာင္းတဲ့ဇာတ္ကားေလးပါ။ဇာတ္လမ္းေလးက႐ိုးရွင္းေပမယ့္ၾကည့္ေကာင္းပါတယ္။ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ေလဆိပ္မွာခရီးကျပန္လာတဲ့ ခရီးသည္ေတြကိုတကၠစီငွားေပးရင္း ခရီးသည္ေတြရဲ႕ပုံစံအေနအထားကိုၾကည့္ၿပီးေငြညစ္တာေတြ ၿခိမ္းေျခာက္ေငြေတာင္းတာေတြလုပ္တဲ့ အဖြဲ႕တစ္ဖြဲ႕ရွိပါတယ္။အဓိကဦးေဆာင္သူကေတာ့ ဝါရင့္သဘာရင့္အရာရာကိုတည္တည္ၿငိမ္ၿငိမ္ေျဖရွင္းဖို႔ႀကိဳးစားေလ့ရွိတဲ့ ကိုတ႐ုတ္ႀကီးဆိုတဲ့နာမည္ေျပာင္နဲ႔သူပဲျဖစ္ပါတယ္။ခက္တာက ေခါင္းေဆာင္သူကဟုတ္သေလာက္ ေနာက္လိုက္ႏွစ္ေယာက္က လူငယ္လည္းျဖစ္ဘာမွမေတြးမေတာလုပ္ခ်င္ရာလုပ္တတ္တဲ့သူေတြျဖစ္ေလေတာ့ တစ္ေန႔မွာအရင္းအႏွီးအႀကီးႀကီးေပးဆပ္ရမယ့္အခ်ိန္ေရာက္လာခ်ိန္မွာသူတို႔အဖြဲ႕ေျပးလြတ္ႏိုင္ပါ့မလား။သူတို႔အဖြဲ႕သားအခ်င္းခ်င္းမွာ ...
movie

Fly By Night (2019)

2019