Channel Myanmar

Brooke Timber

Memory (2023) 6.7
Memory (2023) Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie

Memory (2023)

2023
4K HEVC