Channel Myanmar

Cai Heng

Moonlight Warrior ( 2024 ) 5.8
Moonlight Warrior ( 2024 ) လူငယ်လေးတွေမှာ ငယ်ဘဝတုန်းကစွဲလမ်းခဲ့ရတဲ့ မမတစ်ယောက်တော့ရှိတတ်တယ်မဟုတ်လား။ သူနာပြုမမကိုစွဲလမ်းမိတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဒရာမာကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အမေတစ်ခုသားတစ်ခုနုဲ့ ဘဝလေးကိုသမာရိုးကျ ရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့ သူတို့မြို့လေးရဲ့အလှဆုံးမမနဲ့ဆုံတွေ့ခဲ့တယ်။ မမရဲ့ဘဝကခက်ခဲတယ်။ မမရဲ့ယောင်္ကျားက မမကိုနှိပ်စက်ပြီး သူများနဲ့ဖောက်ပြန်တယ်။ ကောင်လေးကမမကိုကာကွယ်ပေးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။တစ်နေ့ကျတော့ မမကဂျပန်ကိုသွားဖို့ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့မမနဲ့ကောင်လေးကွဲခဲ့ရတာပေါ့။ မမကိုစာတွေပို့ပေမယ့် စာတွေကပြန်ပြန်ပို့ခံရတယ်။ မမကသူ့ကိုမေ့သွားပါပြီလို့ ထင်မိလာတယ်။ သူ့ဘဝနဲ့သူနေထိုင်နိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် မအောင်မြင်ပါဘူး မမကပဲကြီးစိုးနေတာကိုး...... မမတစ်ယောက်ကိုစွဲလမ်းမိတဲ့မောင်လေးရဲ့ ဇာတ်လမ်းလေးဟာဘယ်လိုအဆုံးသတ်မလဲ။ မမပေးတဲ့စိတ်ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်အကြောင်းကို ခံစားကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Moonlight Warrior ( 2024 )

Tomb Adventurer ( 2022 ) 6
Tomb Adventurer ( 2022 ) အခုတစ်ခါ CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့ Tomb Adventure (2022) ဆိုတဲ့ သည်းထိတ်ရင်ဖိုကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟူပါးယီး တို သူငယ်ချင်း (၃) ယောက်ဟာ ရွာသားတွေ ပြောပြတဲ့ ပန်းထိုးဖိနပ်ပုံပြင်နဲ့ အလိမ်ခံလိုက်ရပြီး ရှန်ရှီးဂူလန်ခရိုင်ကို သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အန္တရာယ်တွေနဲ့ကြုံတွေခဲ့ရပြီး တည်းခိုဆောင်မှာ မျက်ကန်းချိန်ရဲ့ သတိပေးမှုကြောင့် ရွာသားတွေရဲ့ ထောင်ချောက်ထဲက ရှောင်ပြေးနိုင်ခဲ့ပါတယ်။သူတို (၃) ယောက်သား မတော်တဆ Longling ဝင်္ကပါဂူကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုဂူထဲမှာ လင်းနိုတွေ တိုက်ခိုက်တာခံခဲ့ရပြီးနောက် ကိုယ်ပေါ်မှာ အနီရောင်အကွက်တွေ ထွက်လာတော့ ဦးလေးဝမ်အိမ်မှာ အနားယူဖို ဆုံးဖြတ်လိုက်ကြတယ်။ အဲ့အချိန်မှာပဲ အနီကွက်အကြောင်းလာစုံစမ်းတဲ့ Shirley နဲ့ တွေကြတာပေါ့သူတိုနဲ့ Shirley တိုတွေ့ဆုံပြီးနောက် အနီကွက်ကြီးကို ကုသဖို ဘယ်လိုနည်းလမ်းတွေရှာကြမလဲ...... သူတိုလမ်းခရီးတစ်လျှောက်မှာကော ဘယ်လို အန္တရယ်မျိုးတွေနဲ့ ဘယ်လို ထူးဆန်းတဲ့ အရာတွေကြုံတွေ့မလဲ ဆိုတာတွေကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure ...
movie

Tomb Adventurer ( 2022 )