Channel Myanmar

Cai Ming

Doubao Magistrate ( 2024 ) 5.8
Doubao Magistrate ( 2024 ) ဒီတစ်ခါCMကတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ရှေးခေတ်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ခရိုင်လူကြီးမင်းဖြစ်သူ ငယ်နာမည်သုန့်ပေါင်းခေါ် ယွီချင်းဖုန်းနဲ့ သုန့်ပေါင်းပြောနေကြဖြစ်တဲ့ နတ်သမီးရှုံးအောင်လှပရတဲ့ သူ၏ဇနီး ကျောက်ယွီဖုန့်တို့ရဲ့ ပျော်ရွှင်စရာမိသားစုအကြောင်းကို အဓိကထားပြီးရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်သူတို့လင်မယားနှစ်‌ယောက်ကတော့ ကလေးယူချင်တဲ့စိတ်ကြောင့် ဇနီးဖြစ်သူနှင့် အလုပ်အချိန်ပိုဆင်းမယ်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ဟာသအနှောက်ယှက်လေးတွေနဲ့ ခရိုင်လူကြီးမင်းဖြစ်သူက ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စည်းစနစ်ကျကျ ဟာသနှောပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေဟာသကားလေးတကားဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

Doubao Magistrate ( 2024 )

Our New Life ( 2021 ) 6.1
Our New Life ( 2021 ) လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Our New Life ( 2021 )