Channel Myanmar

Caitlin Halderman

Dunia Tanpa Suara (2023)
Dunia Tanpa Suara (2023) Dunia Tanpa Suara 2023အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ "Ticket to Paradise " ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့ အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။ အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့ လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကို ပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုး မကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲက တကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြား ပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။) File size…1.24GB / 556MB Quality…1080p AMZ WEB DL ...
movie

Dunia Tanpa Suara (2023)

2023
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019