Channel Myanmar

Camilla Belle

When a Stranger Calls(2006) 5.7
When a Stranger Calls(2006) "Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie

When a Stranger Calls(2006)

The Ballad of Jack and Rose (2005) 6.6
The Ballad of Jack and Rose (2005) The Ballad of Jack and Rose (2005)=========================IMDb Rating - 6.6/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့် ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle) ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။ ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan McDonald) နဲ့ Thaddius (Paul Dano) ...
movie

The Ballad of Jack and Rose (2005)

2005