Channel Myanmar

Cao Xiyue

The Mystery of Jade ( 2024 ) 5.8
The Mystery of Jade ( 2024 ) မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Mystery of Jade ( 2024 )

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )

My Heroic husband ( 2021 ) 5.7
My Heroic husband ( 2021 ) ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ...? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် -❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ...
movie

My Heroic husband ( 2021 )

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

My Girlfriend is Mermaid (2020) 6.9
My Girlfriend is Mermaid (2020) [Unicode]My Girlfriend is a Mermaidဒီဇာတ်လမ်းလေးက ရေသူမလေးနဲ့ကျောင်းရဲ့ပေါ်ပြူလာကောင်လေးရဲ့အချစ်ဇာတ်လမ်းပါလူသားသူငယ်ချင်းမနှစ်ယောက်နဲ့ရေသူမလေးတို့ကြား သူငယ်ချင်းသံယောဇဥ်ကိုလည်းဖော်ပြထားပါသေးတယ်ရေသူမတွေရဲ့အရေးကြီးတဲ့ငါးအကြေးခွံပျောက်သွားလို့ ကုန်းပေါ်တက်ရှာရင်း အမှတ်မထင် သံယောဇဥ်တွေဖြစ်မိကြတဲ့အခါ...မတူညီတဲ့ဖြစ်တည်မှုနှစ်ခုကြား ပြသနာတွေဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါကလေးတွေကြည့်တဲ့ ရေသူမကာတွန်းကားလေးတွေကိုပြန်အသက်သွင်းထားသလိုမျိုးကြည့်ရမှာပါ [Zawgyi]My Girlfriend is a Mermaidဒီဇာတ်လမ်းလေးက ရေသူမလေးနဲ့ကျောင်းရဲ့ပေါ်ပြူလာကောင်လေးရဲ့အချစ်ဇာတ်လမ်းပါလူသားသူငယ်ချင်းမနှစ်ယောက်နဲ့ရေသူမလေးတို့ကြား သူငယ်ချင်းသံယောဇဉ်ကိုလည်းဖော်ပြထားပါသေးတယ်ရေသူမတွေရဲ့အရေးကြီးတဲ့ငါးအကြေးခွံပျောက်သွားလို့ ကုန်းပေါ်တက်ရှာရင်း အမှတ်မထင် သံယောဇဉ်တွေဖြစ်မိကြတဲ့အခါ...မတူညီတဲ့ဖြစ်တည်မှုနှစ်ခုကြား ပြသနာတွေဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါကလေးတွေကြည့်တဲ့ ရေသူမကာတွန်းကားလေးတွေကိုပြန်အသက်သွင်းထားသလိုမျိုးကြည့်ရမှာပါQuality__720p IMDb Rating__6.9/10 Format__mp4 Duration__01:22:00 Type__Comedy , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
