Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Catherine Tresa
6.6
Sarrainodu (2016)
Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie
Sarrainodu (2016)
2016
6.8
Waltair Veerayya (2023)
Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
4.9
Macherla Niyojakavargam (2022)
Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie
Macherla Niyojakavargam (2022)
2022
6.4
Bimbisara (2022)
Bimbisara (2022)အခုတစ်ခါ ထွက်ရှိလာတဲ့ကားလေးကတော့ တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ် ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့ ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ် ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူးသူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ...ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ ၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့...။ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို ရှာဖွေနေတဲ့ လူတွေရှိနေတယ်...။သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့ ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ....။ဇာတ်လမ်းက ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလာမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါနော် File size…3GB / 1.5GB Quality…1080p True HD / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL
movie
Bimbisara (2022)
2022
6.1
Bhala Thandanana (2022)
ဒီတစ်ခေါက်မှာတော့ အက်ရှင်ကြမ်းကြမ်းသိပ်မဟုတ်ပေမယ့် ဗီလိန်ဝါရင့်သရုပ်ဆောင်တွေပါတဲ့ ၂၀၂၂ ထွက်တောင်ပိုင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ IMDB မှာ 6.1 ရထားပြီး လှည့်ကွက်တွေနဲ့ကားမို့ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်လာဦးမှာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအဖွင့်ကို ရူပီး ၁ကုဋေ ပြန်ပေးဆွဲမှုနဲ့ စတင်ထားပါတယ်။ အဲ့ဒီနောက် ဝန်ကြီးချုပ်အထိ ပေါက်ရောက်တဲ့ စီးပွါးရေးသမားလူမိုက်ခေါင်းဆောင်ရဲ့ လူတွေအသတ်ခံရပါတော့တယ်။ အဲ့ဒီအမှုကို စိတ်ဝင်စားပြီး ရိုးသားတဲ့ သတင်းထောက်မလေးနဲ့ သူ့ကိုသဘောကျနေတဲ့ လူရိုးရွာသားလေးတစ်ယောက်တို့ အရှုပ်တွေထဲဝင်ပါမိတဲ့အခါမှာတော့ မထင်မှတ်တဲ့ လှည့်ကွက်တွေနဲ့ ဟာသနှော ရိုက်ကူးထားပြီး Over အနည်းငယ်ပါပေမယ့် စုံထောက် Action ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလို့ညွှန်းချင်ပါတယ် File size…2.4GB / 1.1GB Quality…1080p WEB DL AAC5.1CH Telugu / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Sai ThuRein
movie
Bhala Thandanana (2022)
2022
5.8
Iddarammayilatho (2013)
Iddarammayilatho (2013)အညွှန်းဇာတ်လမ်းစဖွင့်ပုံက... နိုင်ငံအတွင်းမှာ ဖြစ်သွားတဲ့ ကုဋေ တစ်သိန်းတန်လာဘ်စားမှုကြီးတစ်ခုအကြောင်းကို IAS အရာရှိတစ်ယောက်ကဝန်ကြီးကို မေးမြန်းပြီး ၊ အဲ့ဒီကိစ္စကို စုံစမ်းပေးဖို့ ဝန်ကြီးကIAS အရာရှိကို တာဝန်ပေးလိုက်ရာက စဖွင့်ပါတယ်။ဒီနောက်တော့ ဝန်ကြီးရဲ့သမီး နိုင်ငံခြားကိုစိတ်ပညာဘွဲ့လွန်သွားတက်တာကို ပြပါတယ်။ဒါက ဇာတ်လမ်းရဲ့ နိဒါန်းပဲ ရှိပါသေးတယ်။ဒီနောက်တော့ ဝန်ကြီးသမီး အာကန်ရှာဟာ ပြည်ပမှာ ကောလိပ်တက်ဖို့အဆောင်တစ်ခုကို ရောက်လာပါတယ်။ အဲ့ဒီအဆောင်က သူတည်းခိုတဲ့အခန်းထဲကနေ မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့လို့ဖတ်ကြည့်မိရာကနေ ဒီဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်လုံးပေါ်လာတော့တာပါပဲ။တစ်ချို့က ကြည့်ဖူးကြပေမယ့် တစ်ချို့ကတော့ မကြည့်ဖူးလောက်ပါဘူး။ဇာတ်လမ်းကို ခြုံငုံသုံးသပ်ရရင် ဇာတ်အိမ်ကို အားမရပေမယ့် တေလဂူးဇာတ်ကားလေးတွေရဲ့ထုံးစံအတိုင်း ချစ်ခန်းကြိုက်ခန်း ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ထားပုံကဇာတ်လမ်းကို မြူးကြွစေပြီး ၊ တေလဂူးမင်းသမီးလေးတွေရဲ့ ညုတုတု အမူအရာ ၊သရုပ်ဆောင်ပုံလေးတွေက အသည်းယားစရာ ကောင်းလှပါတယ်။မိသားစုနဲ့ အတူ ကြည့်နိုင်သလို ၊မိမိရဲ့ ရည်းစား ၊ မိမိရဲ့ အိမ်ထောင်ဖက်နဲ့လည်း အတူကြည့်ရင်း အချစ်တွေပိုတိုးလာစေနိုင်ပါတယ်။ ...
movie
Iddarammayilatho (2013)
2013
4.7
World Famous Lover (2020)
လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ားယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ ...
movie
World Famous Lover (2020)
2020