Channel Myanmar

Cathy Moriarty

Raging Bull (1980) 8.2
Raging Bull (1980) Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie

Raging Bull (1980)

1980
Shooting Heroin (2020) 7.2
Shooting Heroin (2020) Shooting Heroin (2020)=================IMDb Rating 7.2/10#Unicode2020 ခုနစ်ထွက် Action / Drama / Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDB 7.2/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

Shooting Heroin (2020)

2020
Casper (1995) 6.1
Casper (1995) Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ၀စ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်
movie

Casper (1995)

1995