Channel Myanmar

Charles Green

The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie

The Color Purple (2023)

2023
4K HEVC
May December (2023) 7.4
May December (2023) May December (2023)~ IMDb - 7.4/10, Rotten Tomatoes - 92% ~May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို ...
movie

May December (2023)

2023
A Waltons Thanksgiving (2022) 6.0
A Waltons Thanksgiving (2022) A Waltons Thanksgiving(2022)ဒီကားလေးကတော့ အခုလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ကာလ ရိုးရာလို ခရစ်တော်ကို ကျေးဇူးတင်ကြောင်းသက်သေခံတဲ့ ကျေးဇူးတော်နေ့လေးအကြောင်းကိုဖော်ကျူးထားတဲ့ကားလေးပဲဖြစ်ပါတယ်Jesus ရဲ့ ဖန်ဆင်းမှု ကောင်းခြင်းပေးမှုဆိုတာ ခရစ်ယာန်တွေရဲ့သက်ဝင်ယုံကြည်မှုတစ်ခုပါဒါကြောင့်လဲ ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်လာတိုင်း အရှင်ယေရှုကိုကျေးဇူးတင်ပါတယ်ဆိုပီး သူတို့ရဲ့သက်ဝင်ယုံကြည်မှုကိုပြသတတ်ကြပါတယ်ဒီကားမှာတော့ ဝေါ်တွန်ဆိုတဲ့မိသားစုလေးရဲ့ ဘုရားသခင်ပေါ်သက်ဝင်ယုံကြည်မှုကိုမြင်ရမှာပါ ဝေါ်တွန်တို့မိသားစုဟာ ကလေးတွေအများကြီးရှိတဲ့ မြင်သူတိုင်းအားကျရတဲ့ပျော်စရာမိသားစုလေးတစ်ခုပေါ့ ကလေးတွေများတော့ထုံးစံအတိုင်း ပြဿနာတွေလဲများခဲ့တာပေါ့အဲ့တော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ဂျွန်နဲ့ သူ့ဇနီးလစ်ဗီတို့ဟာ အတော်လေးထိန်းသိမ်းရရှာပါတယ်တောင်ယာလုပ်တဲ့မိသားစုလေးတွေပဲများတဲ့ American ရဲ့ county တစ်ခုဖြစ်တဲ့အားလျော်စွာ တစ်ရာသီပြီးလို့ ကောက်ရိတ်သိမ်းစရာတွေ ရိတ်သိမ်းပြီးတာနဲ့ ကောက်သစ်စားပွဲတော်ဆိုပီးကျင်းပလေ့ရှိကြပါတယ်ကောက်သစ်စားပွဲနဲ့အတူ ခရစ်ယာန်တွေရဲ့ ရိုးရာဖြစ်တဲ့ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့ ကျေးဇူးတော်နေ့လေးကလဲကပ်ပါလာတာပေါ့ကလေးတွအများကြီးရှိတဲ့ မိသားစုကြီးတစ်စုအနေနဲ့ ကောက်သစ်စားပွဲမှာ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ဘယ်လိုကျေးဇူးတင်စရာကိစ္စလေးတွေ သူတို့မိသားစုပေါ် ကောင်းချီးပေးမလဲဆိုတာတော့ ကြည်နူးရသလေးခံစားပြီး ကြည့်ကြည့်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ )File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:22:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hein That ...
movie

A Waltons Thanksgiving (2022)

Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie

Superintelligence (2020)

2020
The House with a Clock in Its Walls (2018) 6.0

The House with a Clock in Its Walls (2018)

2018